SJ WorldNews - шаблон joomla Авто

သင်္ကြန်ပွဲတော်ကာလအတွင်း မှုခင်းများ မဖြစ်ပွားစေရန် ပြည်သူများ သတိပြု ရှောင်ကြဉ်ရမည့် အချက်များ

Friday, 12 April 2019 10:06 font size decrease font size decrease font size increase font size increase font size

၁။ သင်္ကြန်ပွဲတော်အတွင်း အရက်သေစာ လွန်ကဲစွာ သောက်စားမူးယစ်ခြင်း၊

၂။ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊

၃။ မြန်မာ့ရိုးရာ သင်္ကြန်အတွင်း အန္တရာယ်ဖြစ်စေသော ရေဘောလုံးဖြင့် ပစ်ပေါက်ခြင်း၊ မီးသတ်ပိုက်များဖြင့်ရေပက်ခြင်း၊အက်စစ်ကဲ့သို့ စားလောင်စေသော အရည်များဖြင့် ပက်ခြင်း၊

၎။ တုတ်/ဓားလက်နက်များ ဝှက်သိမ်း ကိုင်ဆောင်ခြင်း၊

၅။ ကာမရာဂကို နိုးထစေသောဆေးများ ရောင်းချခြင်းနှင့်ဝယ်ယူသုံးစွဲခြင်း၊

၆။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ဝတ်စားဆင်ယင်ခြင်း၊

၇။ မိန်းကလေးများ ဆွေမျိုးသားချင်း မဟုတ်သူများနှင့်အတူ လည်ပတ်ခြင်း၊ ၎င်းတို့မှကျွေးသော အစားအသောက်များကို မချင့်မချိန် စားသောက်ခြင်း၊

၈။ အချိန်လွန် ရေပက်ကစားခြင်းနှင့် လည်ပတ်ခြင်း၊

၉။ ရေပက်ကစားပြီး နားသည့် အချိန်၌ ဆိတ်ကွယ်ရာ၌ အနားယူခြင်း၊

၁ဝ။ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဝန်ပိုများ တင်ဆောင်၍ မော်တော်ယာဉ်များ မောင်းနှင်ခြင်း၊

၁၁။ ရေပက်ကစားသူ အချင်းချင်း နောက်ပြောင် ကျီစယ်လွန်ခြင်း၊

၁၂။ သင်္ကြန်ကာလအတွင်း အရက်မူးပြီး ရေကန်၊ ချောင်းများ၌ ရေကူးခြင်းနှင့် ရေချိုးခြင်း၊

၁၃။ ရေကစားရာတွင် ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး အများအမြင်တွင် မတင့်တယ်သော မဖွယ်မရာ ပုံစံပြုလုပ်ထားသည့် ရေပက်ကိရိယာများနှင့် ရေပက်ကစားခြင်း။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

Read 29 times Last modified on Friday, 12 April 2019 10:07