SJ WorldNews - шаблон joomla Авто

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပထမအကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ကျင်းပ

Friday, 12 April 2019 10:09 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ရိုးရာပွဲတော်

ဝန်ထမ်းများ ချစ်ခင်ရင်းနှီးစွာ မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ပါဝင်ဆင်နွှဲပြီး နှစ်သစ်ကို ပျော်ရွှင်စွာကြိုဆိုနိုင်ရန်နှင့် ဌာနတွင်းဝန်ထမ်းများ စည်းလုံးညီညွတ်မှု တိုးပွားစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပထမအကြိမ်မြောက်

မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အခမ်းအနားကို ဧပြီ ၁၁ ရက် ညနေ ၃ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မိသားစုများ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။ 

Read 32 times Last modified on Friday, 12 April 2019 10:09