SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံတွင် သဲပန်းပုပညာ ပြန့်ပွားရေး မျိုးဆက်သစ် ပညာရှင် အများအပြား ပေါ်ပေါက်ရန် လိုအပ်နေ

Friday, 12 April 2019 10:31 font size decrease font size decrease font size increase font size increase font size

မုံရွာ၊ အနုပညာ

မြန်မာနိုင်ငံတွင် သဲပန်းပုပညာရပ်များ ထွန်းကားပြန့်ပွားရေး အတွက် မျိုးဆက်သစ် ပညာရှင်အများအပြား ပေါ်ပေါက်ရန် လိုအပ်နေသေးကြောင်း သဲပန်းပုပညာရှင် ကထိက ဒေါက်တာပြည့်ဖြိုးကျော်(ရှေးဟောင်း သုတေသန ပညာဌာန၊ မန္တလေးတက္ကသိုလ်)၏ ပြောကြားချက်အရ သိရသည်။

''အများပြည်သူတွေ အသိ     ဉာဏ်ပညာ တိုးမယ့်၊ ပျော်စရာဖြစ်မယ့် အရာတွေကိုလည်း သဲပန်းပုက ဖြည့်ဆည်းပေးတယ်။ ရန်ကုန်၊မန္တလေး စတဲ့မြို့ကြီးတွေမှာ ပန်းချီ၊ ပန်းပုပြပွဲတွေမှာ လာကြည့်ကြတဲ့သူတွေ နည်းတယ်။

သဲပန်းပုပညာရပ်မှာတော့ အခုမျိုးဆက်သစ်တွေ ပိုပြီးထွက်လာတဲ့အတွက် အခုထက်ပိုပြီး တော့ တိုးတက်ဖို့ရှိတယ်။သဲပန်းပုက မျိုးဆက်တစ်ခုနဲ့တစ်ခု ချိတ်ဆက်မှုရှိတဲ့ အတွက် ကောင်းမွန်တဲ့ အချက်တစ်ခုဖြစ်တယ်။ အခုထက်လည်း မျိုးဆက်သစ် ပေါ်ထွန်းလာဖို့ မျှော်လင့်ရတယ်'' ဟု သဲပန်းပုပညာရှင် ကထိက ဒေါက်တာပြည့်ဖြိုးကျော် (ရှေးဟောင်းသုတေသန ပညာဌာန၊မန္တလေးတက္ကသိုလ်)က ပြောသည်။

သဲပန်းပုပညာရပ်သည် အခြားပညာရပ်များနှင့် မတူညီဘဲ ထူးခြားသည့် အချက်မှာ အောက်ခြေလူတန်းစားမှ သူဌေး၊ သူကြွယ်လူတန်းစား အထိ စိတ်ဝင်စားမှုရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် လူ့အဖွဲ့အစည်းအတွက် လိုအပ်သော အသိဉာဏ်ပညာပိုင်း ဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ၊ စီးပွားရေး ကဏ္ဍတို့အတွက် ကုန်ပစ္စည်း ကြော်ငြာခြင်းတို့ကို နိုင်ငံတကာအထိ ထိုးဖောက်နိုင်သော ပညာရပ်တစ်ခုဖြစ်အောင် မျိုးဆက်သစ် ပညာရှင်အများအပြား ပေါ်ပေါက်ရန် လိုအပ်နေသေးကြောင်း သိရသည်။

Read 35 times Last modified on Friday, 12 April 2019 10:32