SJ WorldNews - шаблон joomla Авто

သင်္ကြန်ပွဲတော် နီးလာသဖြင့် ပြည်ပမှ ဝယ်လိုအားရှိသည့် ပဲနှင့်နှမ်းများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်

Friday, 12 April 2019 10:32 font size decrease font size decrease font size increase font size increase font size

မန္တလေး၊ စီးပွားရေး

သင်္ကြန်ပွဲတော်နီးလာသဖြင့်   ပြည်ပမှ ဝယ်လိုအားရှိသည့် ပဲနှင့်နှမ်းများ အရောင်းအဝယ်   ပြန်လည်ကောင်းမွန် လာ ကြောင်း  မန္တလေးကုန်စည်ဒိုင်မှ ပဲ၊ နှမ်း ကုန်သည်များ ၏ပြောကြားချက်အရ သိရသည်။

သင်္ကြန်ကာလအတွင်း ပဲ၊ နှမ်း ကုန်သည်များ ခေတ္တအလုပ်ရပ်နားမည်ဖြစ်၍ ပြည်ပမှ ဝယ်လိုအားရှိသည့် ပဲနှင့် နှမ်းများကို ကြိုတင် ဝယ်ယူလိုမှုကြောင့် အရောင်းအဝယ် အနည်းငယ်သွက်လာသော်လည်း ပြည်တွင်းဝယ်လို အားသာရှိသည့် ပဲနှင့် နှမ်းတချို့မှာ အရောင်းအဝယ် နှေးကွေးလျက်ရှိကြောင်း သိရသည်။

''သင်္ကြန်ပွဲတော်နီးလာပြီဆိုတော့ ပြည်ပက  ပဲအဝယ်သွက်လာတယ်။ လောလောဆယ် ပြည်ပဝယ်လိုအား များပေမယ့် ဈေး မငြိမ်ဘူး၊   အပြောင်းအလဲရှိတယ်''   ဟု ပဲ၊ နှမ်းကုန်သည် ဦးစိုးဝင်းကပြောသည်။

ယနေ့   မန္တလေးဈေးကွက်၌  ယခင်က မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၆၈ဝဝဝ မှ လက်ရှိတွင် ငွေကျပ် ၇၃ဝဝဝ၊ ယခင်က ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၈၃ဝဝဝ မှ  လက်ရှိတွင် ငွေကျပ် ၈၇ဝဝဝ ဝန်းကျင်၊  ယခင်က ပဲတီစိမ်းတစ် အိတ်လျှင် ငွေကျပ် ၁၁၅ဝဝဝ မှ လက်ရှိတွင် ငွေကျပ် ၁၂ဝဝဝဝ သို့ ရောက်ရှိလာကြောင်း သိရသည်။

''သင်္ကြန်ပြီးရင်   ဈေးအပြောင်းအလဲ ရှိလာနိုင်တယ်။ နောက်ပြီး ပြည်ပနိုင်ငံတွေ ကနေ   ဝယ်လိုအားထပ်တိုး လာနိုင် တယ်။ တရုတ်နဲ့ အိန္ဒိယလမ်းကြောင်းသာ တည်ငြိမ်ရင် ပြည်တွင်း ပဲနဲ့နှမ်းဈေးကွက်က ပိုကောင်း လာမယ်''ဟု ပဲ၊ နှမ်းကုန်သည် ဦးကျော်ဝင်း ကပြောသည်။

ထို့ပြင် နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၁၇၅ဝဝဝ ခန့်၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၁၅ဝဝဝဝ ခန့်၊ နှမ်းဖြူတစ်အိတ်လျှင် ငွေကျပ် ၁၇၆ဝဝဝ ခန့် ပေါက်ဈေးရှိကြောင်း သိရသည်။             

မှိုင်းဝေ (AMIA)

Read 28 times Last modified on Friday, 12 April 2019 10:34