SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလအတွင်း လေးရက်တာ လမ်းပိတ် လမ်းလွှဲစနစ် ကျင့်သုံးမည်

Friday, 12 April 2019 11:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ယာဉ်စည်းကမ်း

သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်အကြိုနေ့မှ ဧပြီ ၁၆ ရက် အတက်နေ့အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လမ်းပိတ်၊ လမ်းလွှဲစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ်  (၂)  ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါလမ်းများတွင် အင်းလျားလမ်းကို  တက္ကသိုလ်ရိပ်သာလမ်းမှ ပြည်လမ်းအထိ လည်းကောင်း၊ မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်း အထိလည်းကောင်း၊ ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းမှ   ဆူးလေဘုရားလမ်း အထိလည်းကောင်း၊ မဟာဗန္ဓုလပန်းခြံလမ်းကို   မဟာဗန္ဓုလ ပန်းခြံလမ်းမှ ဘဏ်ရိပ်သာလမ်းအထိ လည်းကောင်း လမ်းပိတ်၊ လမ်းလွှဲစနစ် ပြုလုပ်မည်ဖြစ်သည်။

''ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတား မြို့နယ်မှာရှိတဲ့  ရန်ကုန်မြို့တော် ခန်းမရှေ့ မဟာဗန္ဓုလလမ်းက ပုံမှန်အားဖြင့် အနောက်ကနေ အရှေ့ကိုမောင်းနှင်ပါတယ်။ သင်္ကြန်ကာလအတွင်း  မဏ္ဍပ်တွေ ဆောက်လုပ်ပြီး လမ်းလျှောက်သင်္ကြန်တွေ ပြုလုပ်ထားလို့  အဲဒီထိ လမ်းကို တစ်လမ်းမောင်းစနစ် အဖြစ်  လမ်းပြောင်းပြန် အနေအထားမျိုးနဲ့ လမ်းပိတ်၊လမ်းလွှဲပေးသွားမယ်။ ပန်းဆိုးတန်းလမ်းကနေ ဆူးလေဘုရားလမ်းကို ဝင်ပြီး လက်ယာဘက်ကို ကွေ့ပြီးတော့ ရေပက်ခံမယ့်ကားတွေကို   ဝင်ရောက်ခွင့်ပြုမှာပါ။သာမန်သွားတဲ့ ကားတွေကတော့ ပန်းဆိုးတန်းလမ်းကို သွားချင်တယ်ဆိုရင် ဆူးလေဘုရားလမ်း အဝိုင်းကနေ  ညာကွေ့ပြီး ကမ်းနားလမ်းဘက်ကို သွားရတယ်။ ဘယ်ကွေ့ပြီးတော့လည်း ဗိုလ်ချုပ်လမ်းဘက်ကို သွားနိုင်အောင်  စီစဉ်ထားပါတယ်''ဟု ၎င်းကပြောသည်။

ယင်းအတွက် သင်္ကြန်ကာလအတွင်း မော်တော်ယာဉ်မောင်းနှင်သူများ အနေဖြင့်   တခြားသင့်လျော်သည့် လမ်းများမှ မောင်းနှင်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Read 11 times Last modified on Friday, 12 April 2019 11:04