SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီး၌ ယခုနှစ် သုံးလတာကာလအတွင်း ယာဉ်မတော်တဆမှု ၆၄၄ မှုဖြစ်ပွားခဲ့

Friday, 12 April 2019 11:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ယာဉ်မတော်တဆမှု

ယခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ သုံးလတာကာလအတွင်း   ရန်ကုန်တိုင်း ဒေသကြီး၌  ယာဉ်မတော်တဆမှုပေါင်း ၆၄၄ မှု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ   ရဲမှူး  ထွန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုပေါင်း ၆၄၄ မှု အနက် ဇန်နဝါရီလတွင် ၂၃၂ မှု ဖြစ်ပွားကာ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဝ၉ ဦး၊ အမျိုးသမီး ၆ဝ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလတွင် ၁၉၄ မှု ဖြစ်ပွားကာ အမျိုးသား ၄၆ ဦး၊ အမျိုးသမီး ခုနစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၄၂ ဦး၊ အမျိုးသမီး ၃၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊  မတ်လတွင် ၂၁၈ မှု ဖြစ်ပွားကာ အမျိုးသား ၄၈ ဦး၊  အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁၉၄ ဦး၊ အမျိုးသမီး ၈၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းအနက်  ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်၌ သုံးလတာ ကာလအတွင်း ဖြစ်ပွားသည့်  အမှုပေါင်း  ၄၁ဝ တွင်  အမျိုးသား ၁ဝ၇ ဦး၊ အမျိုးသမီး၂၈ ဦး စုစုပေါင်း ၁၃၅ ဦးသေဆုံးကာ အမျိုးသား ၃၁၇ ဦး၊ အမျိုးသမီး ၁၁၇ ဦး စုစုပေါင်း ၄၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

''၂ဝ၁၈ ခုနှစ် သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၆ ရက်အထိ ရန်ကုန်မှာ  စုစုပေါင်း ၃၈ မှု  ဖြစ်ပွားပါတယ်။ အဲဒီထဲက ရေကစားတာနဲ့ ပတ်သက်ပြီး ဖြစ်တာကတော့ နှစ်မှုပဲရှိပါတယ်။ ကျန်တာတွေကတော့  ရေကစားတာကြောင့် မဟုတ်ဘဲ တခြား သွားလာတာတွေကြောင့်  ဖြစ်ပွားကြတာပါ''ဟု ရဲမှူးထွန်းထွန်းအောင် ကပြောသည်။

Read 13 times Last modified on Friday, 12 April 2019 11:07