SJ WorldNews - шаблон joomla Авто

အဝေးပြေးကားလက်မှတ် အခက်အခဲဖြစ်နေသူ ခရီးသည်များ လမ်းကြောင်းတူ၂၅ ဦးရှိပါက ကားစီစဉ်ပေးမည်

Friday, 12 April 2019 12:25 font size decrease font size decrease font size increase font size increase font size

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာ အဝေးပြေးယာဉ် ညရပ်နားဝင်း၌ ယာဉ်လိုင်းတချို့အလှည့်ကျ ရပ်နားမည်ဖြစ်ရာ နေရပ်ပြန်ရေး ကားလက်မှတ် အခက် အခဲဖြစ်နေသူ ခရီးသည်များအနေဖြင့် လမ်းကြောင်းတူသည့် ခရီးသည် ၂၅ ဦးရှိပါက ကားစီစဉ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်၏ ပြောကြားချက်အရ  သိရသည်။

''အောင်မင်္ဂလာအဝေးပြေးမှာတော့ စီစဉ်ထားတာရှိပါတယ်။ လက်မှတ်တွေ ဝယ်လို့ မရတော့ဘူး၊ လုံးဝအခက်အခဲ ရှိနေရင် အဝေးပြေးဝင်းမှာပဲ  ကြီးကြပ်ရေးမှူးရုံးခန်းတွေ ရှိတယ်။ အဲဒီမှာ  စာရင်းပေးထားနိုင်ပါတယ်။ သွားမယ့်ခရီးသည် အချင်းချင်း လမ်းကြောင်းတူပြီး အနည်းဆုံး၂၅ ဦးလောက် ရှိတယ်ဆိုရင် ကားစီစဉ်ပေးဖို့ ရှိပါတယ်''ဟု ဒေါက်တာမောင်အောင် ကပြောသည်။

အောင်မင်္ဂလာအဝေးပြေးနှင့်  ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားဝင်းများမှ ယာဉ်လိုင်းများသည် ဧပြီ ၈ ရက်အထိ ပုံမှန်ပြေးဆွဲခဲ့ကြပြီး ဧပြီ ၉ ရက်မှစ၍ ဧပြီ ၁၆ ရက်အထိ အလှည့်ကျရပ်နားခြင်းနှင့် အလှည့်ကျ ပြေးဆွဲခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန်   ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း ရှစ်လိုင်း၊ တခြားသော တိုင်းဒေသကြီးနှင့်  ပြည်နယ်အခြေပြုယာဉ်လိုင်း ခြောက်လိုင်းနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားဝင်းမှ ရန်ကုန်တိုင်း ဒေသကြီးအခြေပြု ယာဉ်လိုင်းတစ်လိုင်း၊ တခြားသော တိုင်းဒေသကြီးနှင့်  ပြည်နယ် အခြေပြုယာဉ်လိုင်း လေးလိုင်းတို့မှာ ပိတ်ရက်မရှိပြေးဆွဲပေးမည်ဖြစ်ပြီး  ဧရာဝတီတိုင်း ဒေသကြီးသို့ ပြန်မည့်ခရီးသည်များ အဆင်ပြေစေရေးအတွက်  ရန်ကုန်-ပုသိမ်ခရီးစဉ်၊ ရန်ကုန်-ဝါးခယ်မ-မော်ကျွန်းခရီးစဉ်၊ ရန်ကုန်- မြောင်းမြခရီးစဉ်၊ ရန်ကုန်-ဖျာပုံ- ဘိုကလေးခရီးစဉ်၊ ရန်ကုန်-ဓနုဖြူခရီးစဉ်များကို YBS ယာဉ်လိုင်းများဖြင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ပြေးဆွဲပေးကြောင်း သိရသည်။                    

Read 41 times Last modified on Friday, 12 April 2019 12:29