SJ WorldNews - шаблон joomla Авто

မြကျွန်းသာ လမ်းလျှောက်သင်္ကြန်၌ မဏ္ဍပ် ၂၂ ခုဖြင့် တိုင်းရင်းသားရိုးရာ ရေကစားသည့် ပုံစံများ ထည့်သွင်းမည်

Friday, 12 April 2019 12:30 font size decrease font size decrease font size increase font size increase font size

ယခုနှစ်   ရန်ကုန်သင်္ကြန်ပွဲတော်တွင် ပထမဆုံး မြကျွန်းသာ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်ဖြစ်ရာ မဏ္ဍပ် ၂၂ ခု ၌  တိုင်းရင်းသားရိုးရာ ရေကစားသည့်ပုံစံများ   ထည့်သွင်းမည်ဖြစ်ကြောင်း  CB-KMA မြကျွန်းသာ လမ်းလျှောက်သင်္ကြန် ပွဲတော်စီစဉ်သူ  ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါ်မာမာအေး၏ ပြောပြချက်အရ    သိရသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်၌ အများ ပြည်သူပါဝင်နိုင်မည့်   ဂိမ်းအစီအစဉ်များကို ထည့်သွင်းမည်ဖြစ်ပြီး  ရေပက်ကစားနည်း မျိုးစုံကိုလည်း   ထည့်သွင်းမည်ဖြစ်ကြောင်း၊ လာရောက်ရေကစားမည့် အများပြည်သူများ၏ လုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ပါရမီဆေးရုံနှင့် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရန် စီစဉ်ပေးထားပြီး စတုဒိတာ ကျွေးမွေးခြင်းများလည်း ပါဝင်မည်ဖြစ် သည်။

''အခုလို မြကျွန်းသာ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံး လုပ်ဆောင်တာဖြစ်တဲ့အတွက် စည်ကားစေချင်ပါတယ်။ ထူးခြားမှုအနေနဲ့က  မြန်မာ့ရိုးရာ ရေပက်ကစားတဲ့ပုံစံ အပါအဝင် တိုင်းရင်းသားရိုးရာ ရေကစားတဲ့ပုံစံတွေကိုလည်း ထည့်သွင်းပေးမှာပါ။ ရန်ကုန်မှာရှိတဲ့   တိုင်းရင်းသားပြည်သူတွေလည်း ရိုးရာသင်္ကြန်ဆင်နွှဲခွင့်  ရရှိမှာဖြစ်ပါတယ်။ ပထမဆုံး လုပ်ဆောင်တာဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနိုင်ပေမယ့် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေး မှာဖြစ်ပါတယ်'' ဟု ဒေါ်မာမာအေး ကပြောသည်။

မြကျွန်းသာလမ်းလျှောက် သင်္ကြန်ပွဲတော် ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး  ပါဝင်ဆင်နွှဲမည့် ပြည်သူများ အတွက် ဝင်ကြေးအခမဲ့ စီစဉ်ထားကြောင်း၊ ယင်းလမ်းလျှောက်သင်္ကြန်ကို CB-KMA က  ကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း   ပါဝင်မည်ဖြစ်သည်။

ဖျော်ဖြေရေး အစီအစဉ်တွင်  နာမည်ကျော် အနုပညာရှင်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ စိုင်းစိုင်းခမ်းလှိုင်၊  နီနီခင်ဇော်၊  အိချောပို၊ သက်မွန်မြင့်၊ ဖြိုးပြည့်စုံ၊ လင်းနစ်၊ ပြေတီဦး၊ ရဲလေးနှင့် ရန်အောင်တို့က ပါဝင်ဖျော်ဖြေပေးမည်ဖြစ်ပြီး DJ KZE နှင့် Dancer အဖွဲ့များကလည်း   ပါဝင်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

Read 20 times Last modified on Friday, 12 April 2019 12:31