SJ WorldNews - шаблон joomla Авто

ဒလမြို့နယ်ရှိ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများ ခရီးတိုစီးနင်းမှုကိုသာ အားထား လုပ်ကိုင်နေရ

Friday, 12 April 2019 12:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး  ဒလမြို့နယ်၌ ပြေးဆွဲသော သုံးဘီးဆိုင်ကယ်များ အနေဖြင့် ခရီးတိုစီးနင်းကြသောခရီးသည်များကို အားထား လုပ်ကိုင်နေရကြောင်း သုံးဘီးဆိုင်ကယ် မောင်းနှင်သူ ဦးမြင့်လွင်၏ ပြောပြချက် အရ သိရသည်။

''ဒလမြို့နယ်ထဲမှာ သုံးဘီးဆိုင်ကယ်ကို ခရီးတိုလေးတွေပဲ အားထား ပြေးဆွဲနေရတာပါ။ တွံတေးတို့၊ ကော့မှူးတို့ဘက်ကို သွားတဲ့ ခရီးသည်ရှိပေမယ့် နည်းတယ်။ အများစုက ကားနဲ့သွားကြတာ။  ကျွန်တော်တို့အတွက် အဲဒီဘက်တစ်ခေါက်လောက် ဆွဲတာနဲ့ ဒလမြို့နယ်ထဲမှာ ခရီးတိုလေးတွေဆွဲတာ မတူဘူး။ ခရီးတိုလေးတွေက ပိုပြီးတွက်ခြေကိုက်တော့  အားထားပြေးဆွဲနေရတယ်'' ဟု ဦးမြင့်လွင် ကပြောသည်။

ယခုနောက်ပိုင်းတွင်  ဒလဘက်ခြမ်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည် အများအပြား လာရောက်လျက်ရှိရာ နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် ဒလမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်များဖြင့် လှည့်လည်သွားလာခြင်း၊ ဒလ-ရန်ကုန် မြစ်ကူးတံတားစီမံကိန်း နေရာသို့ သွားရောက်လေ့လာကြခြင်းနှင့်   ကျေးရွာများရှိ ဆန်စက်များသို့ သွားရောက် လေ့လာခြင်းတို့  လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

''ခရီးဝေးပြေးဆွဲတာက တစ်ကြောင်းကို အများဆုံးငွေကျပ် ၁၂ဝဝဝ လောက်ပဲ ရတယ်။ ဒါပေမဲ့ အပြန်ဆိုရင်ခရီးသည်မရဘဲ အလွတ်ပြန်ရတာ။ခရီးတို ဟိုနားဒီနား ငွေကျပ် ၅ဝဝ၊ ၁ဝဝဝ လောက်က ၁ဝ ကြောင်းလောက်ဆွဲလိုက်ရင်  အချိန်လည်း သိပ်မကုန်တဲ့အပြင်  တွက်ခြေလည်း ကိုက်တယ်။ ရန်ကုန်မြို့ထဲမှာဈေးဝယ်ပြီး ဒလကို ပြန်တဲ့  ခရီးသည်တွေကျတော့  ဆိုင်ကယ်ကယ်ရီနဲ့ဆိုရင် ကုန်ပစ္စည်းတွေ သယ်ရတာလည်း အဆင်မပြေဘူး။ သုံးဘီးဆိုင်ကယ်နဲ့ ကျတော့ ကုန်ပစ္စည်းတွေလည်း တင်ဆောင်နိုင်တဲ့အပြင် လူလည်း သက်သောင့်သက်သာ စီးနိုင်တယ်။ ဒါကြောင့်  ကျွန်တော်တို့လည်း တွက်ခြေကိုက်သလို  စီးတဲ့သူလည်း အဆင်ပြေတယ်။    နိုင်ငံခြားခရီးသွား ဧည့်သည်တွေက  ဒလမြို့ကို  မြို့တစ်ပတ်ပတ်စီးတာ၊   တချို့ကျတော့လည်း   သူတို့သွားချင်တဲ့ နေရာတွေကို    ပို့ပေးပြီး ပြန်စောင့်ပေးရတယ်''ဟု ဦးမြင့်လွင် ကပြောသည်။

တချို့သော နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ  Water  Bus ဖြင့်  ရန်ကုန်မှဒလ အံ့ကြီးဆိပ်ကမ်းဘက်သို့  လာရောက်ကာ  ယင်းမှတစ်ဆင့် ဒလမြို့နယ်အတွင်း လည်ပတ်၍ ကူးတို့သင်္ဘောများဖြင့်  ပြန်သူများလည်းရှိပြီး  တချို့မှာ  ဆာပါချောင်ဆိပ်ကမ်း ဘက်သို့သွားကာ Water Bus ဖြင့်  ရန်ကုန်ဘက်ခြမ်းသို့ ပြန်ကူးသူများလည်း ရှိကြသည်။ ယခုရက်ပိုင်းတွင် ဒလမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ရန်ကုန်ဘက်ခြမ်းသို့  လာရောက်ဈေးဝယ်ခြင်း များပြားပြီး  သုံးဘီးဆိုင်ကယ်များမှာ  အဆိုပါလမ်းကြောင်းတို ခရီးသည်များကို အားထားကာ   ပြေးဆွဲနေခြင်းဖြစ်သည်။

လက်ရှိတွင် ဒလမြို့ပေါ်၌  ဂိတ်ထိုးကာ လုပ်ကိုင်နေကြသော  သုံးဘီးဆိုင်ကယ်အစီး ရေပေါင်း  ၅ဝ  ကျော်ရှိနေပြီး  တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်ဘက်မှ လာရောက်လုပ် ကိုင်ကြသည့် သုံးဘီးဆိုင်ကယ် တချို့လည်း ရှိကြောင်း သိရသည်။

Read 45 times Last modified on Friday, 12 April 2019 12:37