SJ WorldNews - шаблон joomla Авто

သင်္ကြန်ကာလအတွင်း၌ YUPT ကုမ္ပဏီမှ ယာဉ်လိုင်း ၁ဝ လိုင်း ပြေးဆွဲပေးမည်

Friday, 12 April 2019 12:40 font size decrease font size decrease font size increase font size increase font size

ယခုနှစ်သင်္ကြန်ကာလအတွင်း၌ ရန်ကုန် မြို့နေပြည်သူများ  သွားလာမှု အဆင်ပြေစေရန် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူ ပို့ဆောင်ရေး  အများနှင့် သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (YUPT) လက်အောက်ရှိ ယာဉ်လိုင်း ၁ဝ လိုင်းမှ ယာဉ်အစီးရေ ၁၃ဝ ပြေးဆွဲပေးမည် ဖြစ်ကြောင်း YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်း၏ ပြောကြားချက်အရ   သိရသည်။

ထိုသို့ပြေးဆွဲရာတွင် YBS ၇ ယာဉ်လိုင်းမှ အစီး ၂ဝ၊ YBS ၅၉ ယာဉ်လိုင်းမှ ၁ဝ စီး၊ YBS ၁၁ ယာဉ်လိုင်းမှ ၁ဝ စီး၊ YBS ၁၇ ယာဉ်လိုင်းမှ ၁ဝ စီး၊ YBS ၄ဝ ယာဉ် လိုင်းမှ ၁ဝ စီး၊ YBS ၄ ယာဉ်လိုင်းမှ အစီး ၂ဝ၊ YBS ၈ ယာဉ်လိုင်းမှ ၁ဝ စီး၊ YBS ၁ဝ ယာဉ်လိုင်းမှ ၁ဝ စီး၊ YBS ၂၉ ယာဉ် လိုင်းမှ အစီး ၂ဝ၊YBS ၈၄ ယာဉ်လိုင်းမှ ၁ဝ စီး စုစုပေါင်း ယာဉ်အစီးရေ ၁၃ဝ  ဖြင့် ပြေးဆွဲမည်ဖြစ်သည်။

 အဆိုပါယာဉ်လိုင်းများသည် တောင်ဒဂုံမှ ဆူးလေ၊ သိမ်ကျောင်းလမ်းဆုံမှ အမျိုးသမီး ဆေးရုံ၊ အောင်မင်္ဂလာအဝေးပြေးမှ ဇီဝက၊ အောင်မင်္ဂလာ အဝေးပြေးမှ ဒဂုံဧရာအဝေးပြေး၊ ရွှေပြည်သာမှ သခင်မြပန်းခြံ၊ ယုဇန ဥယျာဉ်မြို့တော်မှ ဆူးလေ၊ (၁၆၈) ရပ်ကွက်မှ  လသာ၊  မြောက်ဒဂုံမှ သာကေတ၊  ဒဂုံတက္ကသိုလ်မှ ဆူးလေ၊ သာကေတမှ အရှေ့ဒဂုံ စသည့်လမ်းကြောင်းများ အတိုင်း ပြေးဆွဲနေသော  ယာဉ်လိုင်းများ ဖြစ်ကြောင်း  သိရသည်။

Read 18 times Last modified on Friday, 12 April 2019 12:42