SJ WorldNews - шаблон joomla Авто

ရန်ကုန်သင်္ကြန် ကျင်းပနေစဉ် ယာဉ်ကြော ပိတ်ဆို့မှု အလွယ်တကူ ဖြေရှင်းနိုင်ရန် စီစဉ်ထား

Friday, 12 April 2019 12:43 font size decrease font size decrease font size increase font size increase font size

ရန်ကုန်သင်္ကြန်ကျင်းပနေစဉ်  ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လာပါက အလွယ်တကူ သွားရောက်ဖြေရှင်းနိုင်ရန် ဆယ်တင်ယာဉ် ရှစ်စီး အသင့်ထားရှိမည် ဖြစ်ကြောင်း အမှတ် (၂)  ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး  (ရန်ကုန်) မှ သိရသည်။

အဆိုပါယာဉ်ရှစ်စီးကို ကမ္ဘာအေးဘုရား လမ်းနှင့်   ပါရမီလမ်းဆုံ၊   ကုက္ကိုင်းလမ်းဆုံ၊ မြို့တော်ခန်းမရှေ့၊   လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ ဦးထောင်ဘိုအဝိုင်း၊ အိုင်ဘီစီနှင့် ဆရာဝန်များ အသင်းတိုက်နေရာတို့၌ ချထားပေး မည်ဖြစ်သည်။

ထို့ပြင် မီးပွိုင့်လမ်းဆုံ တာဝန်ကျ တပ်ဖွဲ့ဝင်များ၊ အသင့်တပ်ဖွဲ့ဝင်များ ပံ့ပိုးကူညီနိုင်ရန် ဆယ်တင်ယာဉ် ထားရှိသည့် ရှစ်နေရာ၌ တစ်နေရာလျှင် ရှေ့ပြေးဆိုင်ကယ်နှစ်စီး၊ တပ်ဖွဲ့ဝင်လေးဦးဖြင့် စုစုပေါင်း ရှေ့ပြေးဆိုင် ကယ် ၁၆ စီး၊ တပ်ဖွဲ့ဝင် ၃၂ ဦး တာဝန်ချ ဆောင်ရွက်မည်ဖြစ်သည်။

၂ဝ၁၈ ခုနှစ် သင်္ကြန်ယာဉ်ကြော ရှင်းလင်း ဆောင်ရွက်မှုများ အတွေ့အကြုံပေါ် မူတည် ၍၂ဝ၁၉ ခုနှစ် သင်္ကြန်ကာလတွင် ယာဉ်မောင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ  ပိုမိုလိုက်နာစေရန်  မတ်  ၁၉  ရက်မှ စတင်ဆောင် ရွက်လျက် ရှိကြောင်း    သိရသည်။         

Read 58 times Last modified on Friday, 12 April 2019 12:44