SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့တွင် ယခုလအတွင်း အပူချိန် ပိုမို မြင့်မားလာ

Friday, 19 April 2019 09:34 font size decrease font size decrease font size increase font size increase font size

မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့သည် အီကွေတာနှင့် နီးကပ်စွာ တည်ရှိသည့် မြို့တစ်မြို့ဖြစ်ရာ ၂ဝ၁၉ ခုနှစ် ဧပြီလအတွင်း ယခင်နှစ်များနှင့်မတူ လွန်ကဲသည့် အပူဒဏ်ကို ဒေသခံပြည်သူများ ခံစားနေရကြောင်း သိရသည်။

ကမ္ဘာကြီး၏ ဂေဟစနစ် ပျက်ယွင်းလာမှု၊ သဘာဝသစ်တောများ ပြုန်းတီးလာမှု၊ စက်ရုံအလုပ်ရုံများစွာ၏ ဘေးထွက် ဆိုးကျိုးများ စသည့် လူသားတို့၏ ပယောဂ အကြောင်းတရားများစွာကြောင့် အိုဇုန်းလွှာ ပျက်စီးလာမှုနှင့်အတူ လူသားတို့အပေါ် ဆိုးကျိုးအမျိုးမျိုး သက်ရောက်နေပြီ ဖြစ်သည်။

ဧပြီလအတွင်း မြန်မာနိုင်ငံ တောင်ဘက်စွန်း ကော့သောင်းမြို့ပေါ်သို့ ကျရောက်သည့် ခရမ်းလွန်ရောင်ခြည်သည် တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း(၈)၏ အထက်ကို ကျော်လွန်လာပါက လူသားများအတွက် ကျန်းမာရေး အန္တရာယ်များ ဖြစ်သည့် အသားနေလောင်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊ မျက်စိအမြင်အာရုံ ထိခိုက်ခြင်း၊ မျိုးရိုးဗီဇများ ထိခိုက်မှုကြောင့် သားသမီးမရနိုင်ခြင်း စသည့် အန္တရာယ်များ ကျရောက်နိုင်သဖြင့် ကြိုတင်ကာကွယ်မှု နှိုးဆော်ချက် များအဖြစ် နေပူအတွင်း နံနက် ၁၁ နာရီမှညနေ ၃ နာရီအထိ သွားလာခြင်းအား ရှောင်ကြဉ်ရေး၊ ပြည်သူများ စားဝတ်နေရေး အလို့ငှာ နေရောင်ခြည်အတွင်း သွားလာရမည် ဆိုပါက ခန္ဓာကိုယ်အား လုံခြုံသည့် အဝတ်အစား၊ ဦးထုပ်၊ ထီးစသည်တို့ဖြင့် ကာကွယ်သွားလာကြရေး၊ SPF 30+ နေကာမျက်မှန်များ တပ်ဆင်သွား လာကြရေး၊ နေရောင်ခြည် ကာကွယ်လိမ်းဆေးများ အသုံးပြုသွားလာကြရေး ကျန်းမာရေး ဦးစီးဌာနမှ အသိပေး နှိုးဆော်ထားကြောင်းသိရသည်။ ကျော်စိုး(ကော့သောင်း)

Read 25 times Last modified on Friday, 19 April 2019 14:24