SJ WorldNews - шаблон joomla Авто

ပေါက်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပြိုလဲ ပျက်စီး

Friday, 19 April 2019 09:39 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဧပြီ ၁၇ ရက် ညနေ ၅ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်အချို့၊ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ဆောင်အချို့ အမိုးလန်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့လေပြင်းတိုက်ခတ်မှုကြောင့် ပလောင်း ကျေးရွာ၌ လူနေအိမ်သုံးလုံး၊ ကျောက်မဲတောင် ကျေးရွာ၌ လူနေအိမ်လေးလုံး၊ ကျောက်တံခါးကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ မြေနီ(မ)၌ လူနေအိမ်ကိုးလုံး၊ ပေါက်ချောင်းအထက်စု ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ သရက်တောကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ လင်ထောင်ကျေးရွာ၌ လူနေအိမ် ၁၇ လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ ခင်တန်းရှည်ကျေးရွာ၌ လူနေအိမ်တစ်လုံး၊ မိုးကောင်းကျေးရွာ၌ လူနေအိမ်နှစ်လုံး၊ မျှားပိုင်းကျေးရွာ၌ လူနေအိမ် ၆၂လုံးနှင့် စာသင်ကျောင်း၊ ရွှေဘုံသာကျေးရွာ၌ လူနေအိမ်တစ်လုံး၊ ခင်အေးကျေးရွာတွင် လူနေအိမ်နှစ်လုံးနှင့် ဘုန်းတော်ကြီးကျောင်း၊ လေးပင်အိုင့်ကျေးရွာ၌ လူနေအိမ်တစ်လုံး၊ စာသင်ကျောင်းဆောင်နှင့် ဘုန်းတော်ကြီးကျောင်း အစရှိသည့် ကျေးရွာများမှ နေအိမ် ၁ဝ၆ လုံး၊ ဘုန်းတော်ကြီး  ကျောင်းလေးကျောင်းနှင့် စာသင်ကျောင်းဆောင် တစ်ဆောင် အမိုးလန် ပျက်စီးခဲ့သည်။ ထို့ပြင် မျှားပိုင်းကျေးရွာမှ နေအိမ်နှစ်လုံး၊ မိုးကောင်းကျေးရွာမှ နေအိမ်တစ်လုံးနှင့် ကျောက်မဲတောင်တောတိုက်မှ နေအိမ်တစ်လုံးတို့ ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

Read 34 times Last modified on Friday, 19 April 2019 09:40