Print this page

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ရန် ဇွန်လတွင် ကျင်းပမည့် ညီလာခံ၌ ဆုံးဖြတ်မည်

Saturday, 20 April 2019 12:46 font size decrease font size decrease font size increase font size increase font size

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ရန် ဇွန်လတွင် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ၏  ညီလာခံ အစည်းအဝေးတွင်  ဆုံးဖြတ်မည် ဖြစ်ကြောင်း   ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၏ ပြောဆိုချက်အရ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ပေးနိုင်ရန် ၁၉၉၆ ခုနှစ်ကတည်းက ယူနက်စကို အဖွဲ့ထံ တင်ပြထားသော်လည်း ဥပဒေအရ ကာကွယ် ထိန်းသိမ်းမှု မရှိခြင်း၊   ဇုန်သတ်မှတ်မှုများ မရှိခြင်း၊ ရေရှည်စီမံခန့်ခွဲမှု မရှိခြင်း စသည့်   လိုအပ်ချက်များကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ်  သတ်မှတ်ခြင်း မခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလက ကမ္ဘာ့အမွေအနှစ်   စာရင်းသွင်းခြင်း စာတွဲ မူကြမ်းကို ကမ္ဘာ့အမွေအနှစ် ကော်မတီထံ ရှေးဟောင်းသုတေသနနှင့်    အမျိုးသား ပြတိုက်ဦးစီးဌာနမှ တင်ပြခဲ့ပြီး  ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ပုဂံရှေးဟောင်းမြို့တော်အား   ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းခြင်း စာတွဲ(၅)တွဲကို နိုင်ငံတော် အဆင့်အနေဖြင့်  ကမ္ဘာ့အမွေအနှစ် ကော်မတီထံ တင်ပြခဲ့ကြ ကြောင်း၊  ထိုသို့စာရင်းတင်သွင်း  သတ်မှတ်နိုင်ရန် တင်ပြထားမှုနှင့် ပတ်သက်ပြီး ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ  ပညာရှင်များ လာရောက်၍    ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ  ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ်  စာရင်းသွင်း သတ်မှတ်နိုင်ရေး အတွက် အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ဇွန် ၃ဝ ရက်မှ ဇူလိုင် ၁ဝ ရက်အထိ ကျင်းပမည့် (၄၃)   ကြိမ်မြောက်   ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍    မြန်မာနိုင်ငံ၌ ရှိသော ကမ္ဘာ့အမွေအနှစ် ကော်မတီဝင် နိုင်ငံများထဲမှ  သြစတြေးလျ၊ဘရာဇီး၊ တရုတ်၊ အင်ဒိုနီးရှားစသည့် နိုင်ငံဆိုင်ရာ  သံရုံးများမှ သံအမတ်များနှင့်  တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံမှ တာဝန် ရှိသူများ၊  Jica ၊ World Bank ၊ UNESCO တို့မှ  တာဝန်ရှိသူများအား ပုဂံဒေသနှင့် သမိုင်းတန်ဖိုးများ အကြောင်းကို  ရန်ကုန်မြို့  ပြည်လမ်းရှိ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဧပြီ ၁၂ ရက် က ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။   

Read 45 times Last modified on Saturday, 20 April 2019 12:48