SJ WorldNews - шаблон joomla Авто

တရားရုံးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း ဖွင့်လှစ်

Tuesday, 14 May 2019 10:33 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားရုံးဝန်ထမ်းများ   လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂ဝ၁၉)သင်တန်းဖွင့်ပွဲကို မေ ၁၃ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ တိုင်းဒေသကြီး တရားလွှတ်တော်ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်က တရားရုံး အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအားလုံး တရားရုံး လုပ်ငန်းများကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည့် အရည်အချင်း ပြည့်မီသူများ ဖြစ်လာစေရန်နှင့် လုပ်ငန်းအပေါ် တာဝန်သိမှု အသိစိတ်ဓာတ်များ   တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍    သင်တန်း ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်း မှ ပို့ချပေးသည်များကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားစေလိုကြောင်း  ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး  တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးသီရိခိုင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။

သင်တန်းတွင် သင်တန်းသား၊  သင်တန်းသူများကို ပြည်သူ့ ဆက်ဆံရေး၊ (တရားမ၊ လူထုဝန်ဆောင်မှု၊ ရာဇဝတ်၊ သတင်းမီဒီယာ၊ ဘီလစ်၊ စီမံ၊ ငွေစာရင်း၊ ရုံးလုပ်ငန်း) ဘာသာရပ်၊ မဟာဗျူဟာစီမံကိန်းနှင့် အထွေထွေ ဗဟုသုတများကို မေ ၁၃ ရက်မှ ၂၄ ရက်အထိ သင်ကြားပို့ချပေးလျက်ရှိသည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး  တရားရေးဦးစီးမှူး၊ သင်တန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား၊သင်တန်းသူများ  တက်ရောက်ကြကြောင်း သိရသည်။

Read 34 times Last modified on Tuesday, 14 May 2019 10:34