SJ WorldNews - шаблон joomla Авто

ရန်ကုန်ကမ်းနားလမ်း ညဈေး၌ ရောင်းချမည့် ဆိုင်ခန်းများကိုစပေါ်ငွေ ငွေကျပ်တစ်သိန်း ပေးဆောင်ရန် သတ်မှတ်

Tuesday, 14 May 2019 12:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့ရှိ   ကမ်းနားလမ်း ညဈေး၌ ရောင်းချမည့် ဆိုင်ခန်းများကို စပေါ်အဖြစ် ငွေကျပ်တစ်သိန်း ပေးဆောင်ရန် သတ်မှတ်ထားကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါဆိုင်ခန်းများ အနေဖြင့် ဝယ်ယူ စားသုံးသူများ၏ ဘောက်ချာ၌  သတ်မှတ် ကုန်သွယ်ခွန် တံဆိပ်ခေါင်းများကို သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံပေးရန်၊  ဆိုင်ရှင်များအနေဖြင့် ဆိုင်းဘုတ်ခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် စသည့် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်များကိုလည်း မပျက်မကွက် ပေး ဆောင်ရမည်ဖြစ်သည်။ 

ထို့ပြင် လက်မှုပစ္စည်းနှင့် တခြားဆိုင်များကိုလည်း အလားတူ သတ်မှတ်ထားပြီး လစဉ်ကြေးအနေဖြင့် တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

''လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီဘက်က ဆိုင်ခန်းတွေကို  ၈ ပေပတ်လည် ဆိုင်ခန်းအဖြစ် လုပ်ဆောင်မှာပါ။  ဆိုင်ခန်းစပေါ်ငွေတွေ၊  လစဉ်ကြေးတွေလည်း ပါဝင်မယ်။ သူတို့ဘက်က ဝန်ဆောင်မှုတွေလည်း အများကြီး ထည့်သွင်း ထားမှာပါ။  နိုင်ငံတော်အတွက်လည်း  အကျိုးရှိသလို   ရောင်းချသူတွေ အတွက်လည်း အကျိုးရှိစေရပါမယ်။ ဆိုင်ခန်းတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။   ဒါတွေကိုလည်း  လေးစားလိုက်နာ ဆောင်ရွက်ဖို့လိုပါတယ်''ဟု ဦးသန်းနိုင်ဦး ကပြောသည်။

ရန်ကုန်မြို့ရှိ  ကမ်းနားလမ်းညဈေးကို  လက်ရှိတွင်  အဆင့်မြှင့်တင်ခြင်းများ  ပြန်လည်ပြုလုပ်၍     အောက်တိုဘာလတွင်  ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအတွက်    A 25 Myanmar   Development  ကုမ္ပဏီက ငွေကျပ်နှစ်ဘီလီယံကျော် အသုံးပြုအကောင် အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းများကို  ဇုန်အလိုက်ဖွင့်လှစ် ရောင်းချရန် စီစဉ်ထားပြီး ဇုန် (A)နှင့်ဇုန် (B) ၌ ဆိုင်ခန်းပေါင်း  ၉ဝ အထိပါဝင်မည်ဖြစ်ကာ ရေ၊ လျှပ်စစ်မီး၊ အမှိုက်ပုံးနှင့် မီးသတ်ဆေးဘူးများကိုလည်း  ထားရှိမည်ဖြစ်ကာ ဘေးတိုက်ရွေ့လျားစနစ် ကားပါကင်နှစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Read 15 times Last modified on Tuesday, 14 May 2019 12:05