SJ WorldNews - шаблон joomla Авто

လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၌ စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

Tuesday, 14 May 2019 12:15 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့က ကြီးမှူး၍ မေ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင် ကျင်းပသည့်  စတုတ္ထအကြိမ် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို  မေ  ၁၃  ရက်က  ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် မင်းဓမ္မကုန်းမြေရှိ   လောကချမ်းသာ  အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး  နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့   တွဲဖက်အကျိုးတော်ဆောင်  အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  တိပိဋကဝိနိယဓရ  ဘဒ္ဒန္တဓမ္မာစာရ  ကောလင်း ဆရာတော် ဘုရားကြီးထံမှ    ဧည့်ပရိသတ် အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည် ကြသည်။

ထို့နောက်    စေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်ဘုရားက သာရဏီရသြဝါဒကထာ  မြွက်ကြားချီးမြှင့်ပြီး  ဆရာတော်များအား  လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။  

ဆက်လက်၍ ကံဦးကျောင်းဆရာတော် ဦးသာသနက ရောင်ခြည်တော်ဖွင့် ဘုရားပင့် ဂါထာ၊ အောင်မြေရွှေဂူဆရာတော် ဦးနန္ဒာ စရိယက ဒေဝနိမန္တဂါထာတော်၊ ယိုးဒယား ကျောင်းဆရာတော် ဦးဉာဏုတ္တရက ဥယျော ဇနဂါထာတော် တို့အား ရွတ်ဖတ်ပူဇော်ကြ သည်။

ယင်းနောက်  သံဃာတော်များနှင့်ဧည့် ပရိသတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို သံပြိုင်သုံးခေါက် ရွတ်ဆိုပြီး  အလှည့်ကျ ဘာဏကဆရာတော်က   ဆက်လက်ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။

Read 15 times Last modified on Tuesday, 14 May 2019 12:16