SJ WorldNews - шаблон joomla Авто

YBS ယာဉ်လိုင်းများ ခေါက်ရေပြည့် ပြေးဆွဲနိုင်မှု မရှိခြင်းမှာ သဘာဝဓာတ်ငွေ့ ရရှိရန် စောင့်ဆိုင်းရမှု အခက်အခဲများကြောင့်ဟုဆို

Tuesday, 14 May 2019 12:25 font size decrease font size decrease font size increase font size increase font size

ယခုရက်ပိုင်းအတွင်း YBS ယာဉ်လိုင်းများတွင် ခေါက်ရေပြည့် ပြေးဆွဲနိုင်မှုမရှိခြင်းမှာ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ၌ ဓာတ်ငွေ့ဖြည့်တင်းရာတွင် စောင့်ဆိုင်းရသည့် အခက်အခဲများကြောင့် ဖြစ်ကြောင်းယာဉ်လိုင်း တာဝန်ခံ များ၏ ပြောဆိုချက်အရ သိရသည်။

''လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်ဓာတ်အား လျှော့ချမှုတွေ ပြုလုပ်နေတော့ ဓာတ်ငွေ့ အရောင်းဆိုင်တွေမှာလည်း မီးပျက်နေပြီး  ဓာတ်ငွေ့တစ်ခါထည့်ဖို့ တော်တော် စောင့်ရပါတယ်။ အဲဒီတော့ အရင်လို ခေါက်ရေ အပြည့်အဝ မဆွဲနိုင်ဘဲ တစ်ခါတစ်ရံဆိုရင် မှတ်တိုင်တွေမှာ  ခရီးသည်ပုံနေတာတွေ ဖြစ်ကြရတယ်'' ဟု   ဦးမျိုးနိုင် ကပြောသည်။

YBS ယာဉ်တစ်စီး သဘာဝဓာတ်ငွေ့ ဖြည့်ရာတွင်   နာရီဝက်နီးပါး ဖြည့်ရလေ့ရှိပြီး   ဓာတ်ငွေ့ဖြည့်ရန်   တန်းစီရာတွင် ယာဉ်အစီးရေ အနည်းအများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုပေါ် မူတည်ကာ  အချိန်ကြာမြင့်လေ့ ရှိကြောင်း သိရသည်။

''တချို့ဆိုင်တွေကတော့ မီးပျက်လို့ မီးစက်နဲ့ဖြည့်တာတွေ ရှိပါတယ်။ အဲဒီလို မီးစက်နဲ့ဖြည့်ရင် Gas Pressure က သိပ်မပြည့်တဲ့အတွက် အရင်လို ခေါက်ရေအပြည့် မဆွဲနိုင်တာတွေလည်း ရှိတယ်'' ဟုPower   Eleven ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

ယင်းအတွက်ကြောင့် တစ်ရက်လျှင် ပျမ်းမျှ ခြောက်ခေါက်ပြေးဆွဲနေသော ယာဉ်လိုင်းများမှာ ယခုအခါ သုံးခေါက်ဝန်းကျင်သာ ပြေးဆွဲနိုင်သော  အခြေအနေမျိုးရှိသည်။ထို့ကြောင့်  ရုံးတက်ရုံးဆင်းချိန်များတွင်

ခရီးသည်စီးနင်းမှု များသည့်အတွက် မှတ်တိုင်များ၌ ခရီးသည်စုပုံမှုများ မဖြစ်စေရန်နှင့် ယင်းကာလအတွင်း ယာဉ်ပြေးဆွဲမှု ပြတ်တောက်ခြင်းများ မရှိစေရန် ယာဉ်လိုင်း တာဝန်ခံများက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်မြို့၌ မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အားများကို  အလှည့်ကျဖြန့်ဖြူးရာတွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များလည်း လျှပ်စစ်မီး အလှည့်ကျရရှိခြင်းကြောင့် မီးပြတ်တောက်ချိန်တွင်  မီးစက်များဖြင့် သဘာဝဓာတ်ငွေ့ ဖြည့်တင်းသည့်အခါ ယခင်ကဲ့သို့ အပြည့်အဝပေးရန်  အခက်အခဲများ ရှိကြောင်း၊ မေလအတွင်း တစ်ရက်လျှင် ပျမ်းမျှ ယာဉ်အစီးရေ ၃၅ဝဝ ကျော်ကို သဘာဝဓာတ်ငွေ့ ဖြည့်တင်းပေးနေကြောင်း  သိရသည်။

Read 51 times Last modified on Tuesday, 14 May 2019 12:26