SJ WorldNews - шаблон joomla Авто

ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးသည့် နွေသီးနှံနှမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိ

Wednesday, 15 May 2019 09:19 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၌ တောင်သူများ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားသည့်  နွေသီးနှံနှမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း     ပွင့်ဖြူမြို့နယ် အတွင်းရှိ     နွေနှမ်းစိုက်ပျိုး တောင်သူများထံမှ သိရသည်။

''ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ    မဲဇလီရေလွှဲဆည် ရေသောက်စနစ်ဖြင့် နွေသီးနှံ စိုက်ပျိုး ရာသီချိန်မှာ နွေနှမ်းသီးနှံကို အားထား စိုက်ပျိုးကြပါတယ်။ ပြီးခဲ့တဲ့နှစ်က နွေသီးနှံနှမ်းစိုက်ခင်းတွေ ရိတ်သိမ်းခါနီးကျမှ မိုးရွာသွန်းမှု များပြီး တောင်သူတော်တော်များများ နွေနှမ်းစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးရပါတယ်။

လက်ရှိမှာတော့    ကျွန်တော်တို့ တောင်သူတွေ ရေဖျန်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ နွေနှမ်းစိုက်ခင်းတွေ အောင်မြင် ဖြစ်ထွန်း လျက်ရှိပါတယ်။ ဒီနှစ်နွေက အရမ်းပူတော့ နွေနှမ်းစိုက်ပျိုး တောင်သူတွေ နွေနှမ်းစိုက်ခင်းတွေကို မနက်၊ ည ရေဖျန်းပေး နေရပါတယ်။ ကျွန်တော်တို့ ဒေသမှာ   စိုက်ပျိုးရေအတွက် ပူပင်စရာ မရှိတော့ သီးနှံစိုက်ပျိုးရတာ အခက်အခဲ မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။ အခုနှစ် ကျွန်တော်တို့ မြို့နယ်မှာ တောင်သူတွေ ရေဖျန်းစနစ်နဲ့     စိုက်ပျိုး ဆောင်ရွက်ထား ရှိတဲ့ နွေနှမ်းစိုက်ခင်းတွေ   အောင်မြင်ဖြစ်ထွန်းတာကြောင့် သီးနှံသိမ်းဆည်းချိန်မှာ ဈေးကောင်းကောင်း နဲ့ ရောင်းရဖို့အတွက်   မျှော်လင့်ပါတယ်'' ဟု ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာမှ နွေနှမ်းစိုက်ပျိုး တောင်သူတစ်ဦးက ပြောသည်။

မကွေးတိုင်း ဒေသကြီး   ပွင့်ဖြူမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် ဒေသခံ တောင်သူများ မဲဇလီ ရေလွှဲဆည် ရေသောက်စနစ်ဖြင့်    နွေနှမ်းစိုက်ဧကပေါင်း ၂၁၅၁၃ ဧကရှိပြီး နွေစပါးသီးနှံစိုက် ဧကပေါင်း ၃၁ဝ၄၃ ဧက  စိုက်ပျိုးထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

 ရဲဝင်းနိုင်(ညောင်ဦး)

Read 14 times Last modified on Wednesday, 15 May 2019 09:20