SJ WorldNews - шаблон joomla Авто

ကျောက်ဖြူမြို့နယ် အတွင်းရှိ ရေရှားပါးသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

Wednesday, 15 May 2019 09:33 font size decrease font size decrease font size increase font size increase font size

အပူချိန်မြင့်မားလာမှုကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းရှိ သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသော ကျေးရွာများသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေ ၁၃ ရက် နံနက်ပိုင်းက သောက်သုံးရေများ သွားရောက် လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် အမှတ်(၁၁)လုံခြုံရေးရဲ ကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံးမှ ရဲမှူးကြီး လှစိန်နှင့် အမှတ်(၃၂)ရဲတပ်ရင်းမှ အရာရှိ၊ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစည်သူလင်းနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား  ၅ဝ ဦးခန့်သည် ကျောက်ဖြူမြို့နယ် ငလပွေ့ကျေးရွာ၊ ငလပွေ့ရွာသစ်သို့ သွားရောက်ပြီး ရေသန့်ဘူးကြီးအလုံး ၃ဝ နှင့် မီးသတ်ရေယာဉ်နှစ်စီး၊ ရေဂါလန် ၂၄ဝဝ အား သောက်သုံးရေများ လှူဒါန်းသည်။

ထို့အတူ ခရိုင်မီးသတ်ဦးစီးဌာနက ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာသို့ သွားရောက်ပြီး မီးသတ်ရေယာဉ် တစ်စီးဖြင့် သန့်ရှင်းသော သောက်သုံးရေများ ဖြန့်ဝေပေးကြောင်း သိရသည်။ 

Read 30 times Last modified on Wednesday, 15 May 2019 09:33