Print this page

ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီး ခေါင်းဆောင်များ၏ အခန်းကဏ္ဍ ဆွေးနွေးပွဲ ကျင်းပ

Wednesday, 15 May 2019 09:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၄

''ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီး ခေါင်းဆောင်များ၏ အခန်းကဏ္ဍ'' ဆွေးနွေးပွဲကို  ယနေ့တွင်  နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန    ဒုတိယဝန်ကြီး  ဒေါက်တာမြလေးစိန်၊  မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊   မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ   သူနာပြုနှင့် သားဖွားအသင်း၊  မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်    ကြက်ခြေနီကြီးကြပ်မှု ကော်မတီများနှင့်   အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒေါက်တာရွှေလွှမ်းက အဖွင့်အမှာစကား ပြောကြားသည်။

ယင်းနောက်  ဒေါက်တာရွှေလွှမ်းအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက   အမှတ်တရ လက်ဆောင်ပေးအပ်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ  မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ  ပါမောက္ခ  ဒေါက်တာဒေါ်မြသူက ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးနှင့် အချိန်ပြည့် အလုပ် အမှုဆောင် အဖွဲ့ဝင်  ဒေါက်တာ ဒေါ်အမယာမော်နိုင်က နိုင်ငံအဝန်း ဆောင်ရွက်နေသော ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများကို ရှင်းလင်း  တင်ပြကြသည်။

ဆက်လက်၍  ဘေးဒဏ်ကြံ့ကြံ့ ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီး ခေါင်းဆောင်များ    ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ရေး စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပကြောင်း  သိရသည်။                       

     (၅ဝဝ)

Read 34 times Last modified on Wednesday, 15 May 2019 09:46