SJ WorldNews - шаблон joomla Авто

Yangon Water Bus ပြေးဆွဲမှု အရှုံးခံကာလ နှစ်နှစ်သတ်မှတ်၍ အရှုံးခံ ပြေးဆွဲပေးလျက်ရှိ

Wednesday, 15 May 2019 10:48 font size decrease font size decrease font size increase font size increase font size

လှိုင်မြစ်အတွင်း ပြေးဆွဲလျက်ရှိသော Yangon  Water  Bus ခရီးစဉ်ကို အရှုံးခံကာလ နှစ်နှစ် သတ်မှတ်ထားပြီး လက်ရှိတွင်လည်း  အရှုံးခံ ပြေးဆွဲပေးလျက် ရှိကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်၏ ပြောကြား ချက်အရ သိရသည်။

Water Bus ပြေးဆွဲရာတွင် အရှုံးပေါ်နေသဖြင့် တင့်တင့်မြန်မာ ကုမ္ပဏီအောက်ရှိ ဌာန ၁၄ ခုမှ ဝင်ငွေများ ထည့်သွင်းပေးနေရကြောင်း၊ ထို့ပြင် ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်သည်လည်း  အရှုံးပေါ်နေသဖြင့် ကာမိစေရန်   သန်လျင်-ကျောက်တန်းနှင့် တွံတေးအထူး ခရီးစဉ်များ ပြေးဆွဲ၍ ဆောင်ရွက်နေရကြောင်း သိရသည်။

ယင်းကဲ့သို့    အရှုံးပေါ်နေသော်လည်း  ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်စေရေး အတွက်   ပုံမှန်ပြေးဆွဲပေးလျက် ရှိကြောင်း၊  ရုံးတက်၊ ရုံးဆင်းချိန်များကိုအဓိကထား ဦးစားပေးပြေးဆွဲနေပြီး နေ့စဉ်လူဦးရေ ၆ဝဝဝ မှ ၈ဝဝဝ ကြား စီးနင်းမှုရှိကြောင်း သိရသည်။

''စိုက်ထုတ်ထားတဲ့ ပမာဏရှိသလို ချေးငွေတွေ အတွက်လည်း အတိုးပေး နေရတာတွေရှိတယ်။ နေ့စဉ်ပြေးဆွဲပေးမှု မရှိရင် ဝန်ထမ်းစရိတ်တွေနဲ့တခြားစိုက်ထုတ်စရိတ်တွေ အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ လက်ရှိ ကာလကတော့   အရှုံးရှိနေပါသေးတယ်။ သတ်မှတ်ကာလ အထိတော့ ဆက်သွားနေရမှာပါပဲ။ YBS နဲ့ ချိတ်ဆက်ပြေးဆွဲဖို့   လုပ်ဆောင်နေပေမယ့် လက်ရှိမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ပြေးဆွဲနိုင်ခြင်း မရှိသေးပါဘူး။   မိုးရာသီရောက်ရင်တော့  အစီအစဉ်တချို့ လုပ်ဆောင်ရမှာပါ။   

ဘဏ်လုပ်ငန်း ဆိုင်ရာမှာလည်း   ချေးငွေနဲ့ ပတ်သက်ပြီး   အခက်အခဲတွေ ရှိနေသေးတယ်''ဟု ဒေါ်တင့်တင့်လွင် ကပြောသည်။

 အဆိုပါ Yangon Water Bus ပြေးဆွဲခြင်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၇ ရက်က ဗိုလ်တထောင်-အင်းစိန် ခရီးစဉ်ဖြင့် စတင်ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။ Water Busပြေးဆွဲမှုတွင်  ငမိုးရိပ်ချောင်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခု တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး ပုဇွန်တောင်ချောင်းထိပ်ရှိ  တံတားဟောင်းကို  ဖျက်သိမ်းဖယ်ရှား ပေးနိုင်ရေးအတွက်  ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့

တင်ပြထားကြောင်း၊ထို့ပြင်သန်လျင်သို့  ပြေးဆွဲနိုင်ရေးအတွက်ဆိပ်ကမ်း တည်ဆောက်ရန် လုပ်ဆောင်နေသော်လည်း ယင်းနေရာ၌ တရားဝင် အလုပ်လုပ်ကိုင်သူများ ရှိနေ၍ အဆင်မပြေမှုများ ရှိကြောင်း၊ ထို့ကြောင့် လက်ရှိပြေးဆွဲပေးနေသော နေရာများ၌ ပုံမှန်ပြေးဆွဲပေးနိုင်ရေးနှင့် စီမံကိန်း အောင်မြင်စေရန် လုပ်ဆောင်ရမည့် လုပ်ငန်းများ  ဆက်လက် ဖော်ဆောင်နေကြောင်း သိရသည်။                      

Read 15 times Last modified on Wednesday, 15 May 2019 10:49