SJ WorldNews - шаблон joomla Авто

ပြည်သူများ သွားလာမှု အဆင်ပြေရန် ချောင်းကူးတံတား သုံးစင်း တည်ဆောက်

Wednesday, 15 May 2019 11:54 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးရန်ပုံငွေဖြင့် ချောင်းကူးတံတား သုံးစင်းကို တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၃)တံတားအထူးအဖွဲ့(၉)မှ တည်ဆောက်လျက် ရှိကြောင်း သိရသည်။

ချောင်းကူးတံတား သုံးစင်းမှာ ပရည်တောင် ချောင်းကူးတံတား၊ တောင်ရှည်ချောင်းကူး တံတား၊ ဘုရားကိုင်ချောင်းကူး မင်္ဂလာတံတား တို့ဖြစ်ကြပြီး ပရည်တောင်ချောင်းကူး တံတားသည် တံတားအရှည်ပေ  ၉ဝဝ၊အကျယ် ၁၄ ပေရှိကာ  တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ပေါင်း ၂ဝ၇ဝ သန်းဖြင့် လည်းကောင်း၊ တောင်ရှည်ချောင်းကူး တံတားသည် အရှည် ၂၉၅ ပေ၊ အကျယ် ၁၈ ပေရှိပြီး  တိုင်းဒေသကြီး ရန်ပုံငွေကျပ် သန်း ၁ဝ၅ဝ ဖြင့် လည်းကောင်း၊ ဘုရားကိုင်ချောင်းကူး  မင်္ဂလာတံတားသည် အရှည်ပေ ၈ဝ၊   အကျယ် ၂၂  ပေရှိပြီး    တိုင်းဒေသကြီး ရန်ပုံငွေကျပ်သန်း ၂၈ဝ ဖြင့် လည်းကောင်း တည်ဆောက်လျက် ရှိသည်။

ပရည်တောင် ချောင်းကူးတံတားသည် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်၊ ဘေလီတံတား အမျိုးအစားဖြစ်၍  တောင်ရှည်ချောင်းကူး တံတားနှင့် ဘုရားကိုင်ချောင်းကူး မင်္ဂလာတံတားတို့သည် ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်၊ သံကူကွန်ကရစ်ရက်မကြမ်းခင်း အမျိုးအစားဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါ ချောင်းကူးတံတား သုံးစင်းကို ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊   ပရည်တောင်ချောင်းကူး တံတားသည်   ပရည်တောင် ကျေးရွာနှင့် ဝန်ဖို့ကျေးရွာတို့ကို  ဆက်သွယ်ထားသော တံတားဖြစ်ကြောင်း၊ တောင်ရှည် ချောင်းကူးတံတားသည်ကြေးနန်းတိုင်-ကသာရိုင်- နန်းတော်ရာ ကျေးရွာချင်းဆက် လမ်းပေါ်ရှိတံတားဖြစ်၍ ဘုရားကိုင်ချောင်းကူး မင်္ဂလာတံတား မြိတ်တောင်နယ်မြေ၌ တည်ရှိသော တံတားဖြစ်ကာ တံတားများ တည်ဆောက်ပြီးစီးသွားပါက ပြည်သူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူ လျင်မြန် အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 30 times Last modified on Wednesday, 15 May 2019 11:55