Print this page

မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်ရေး LOI လက်မှတ်ရေးထိုး

Thursday, 16 May 2019 10:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၁၅

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နှင့် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး တက္ကသိုလ် Space  Mission  Center မှ ညွှန်ကြားရေးမှူး  ပါမောက္ခ  ယူကီဟီရိုတာကာဟာရှီ တို့သည် ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၂) နေပြည်တော်၌   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဒုတိယဝန်ကြီး ဦးသာဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများ ရှေ့မှောက်တွင် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်ရေးအတွက် ရည်ရွယ်၍ ဂြိုဟ်တုလွှတ်တင်ရေးနှင့် စပ်လျဉ်းသော အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံပိုင် အနိမ့်ပျံဂြိုဟ်တု လွှတ်တင်ရေးကို အောက်တိုဘာလတွင် စတင်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း Letter of Intent (LOI)ကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

Read 37 times Last modified on Thursday, 16 May 2019 10:25