SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒီးမော့ဆိုမြို့နယ် ဒေါပေါ်ကူးကျေးရွာ၌ ကျေးရွာခန်းမဆောင် ဖွင့်လှစ်

Friday, 17 May 2019 11:43 font size decrease font size decrease font size increase font size increase font size

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သော ဒေါပေါ်ကူးကျေးရွာအုပ်စု ဒေါပေါ်ကူးကျေးရွာ ခန်းမဆောင်ကို မေ ၁၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးရွာခန်းမဆောင်သစ်အား ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်လူထု ဗဟိုပြု စီမံကိန်း ဒုတိယစီမံကိန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်ချောစု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအန်းဂျလိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်အစိုးရ အဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက အမှာစကား ပြောကြားရာတွင် ကျေးရွာခန်းမဆောင်သည် ကျေးရွာ ပြည်သူလူထုအတွက် အမှန်တကယ် လိုအပ်သော အဆောက်အအုံတစ်ခု ဖြစ်သည့်အတွက် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ကျေးရွာခန်းမဆောင် ဆောက်လုပ်ရာတွင် ပါဝင်လှူဒါန်း ကြသော အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အဆိုပါ ခန်းမဆောင်သည် အလျား ပေ ၇ဝ ၊ အနံ ၃၆ ပေ၊ အမြင့် ၁၃ ပေ ရှိပြီး စီမံကိန်း ရန်ပုံငွေကျပ် ၁၅၇ဝဝဝဝဝ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၅ဝ၇၂၃၁၅ ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)

Read 37 times Last modified on Friday, 17 May 2019 11:44