SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒုတိယအကြိမ် မြန်မာ့သရက်သီး ဈေးရောင်းပွဲတော် ကျင်းပ

Friday, 17 May 2019 11:44 font size decrease font size decrease font size increase font size increase font size

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကြီးမှူး၍ ဒုတိယအကြိမ် မြန်မာ့သရက်သီး ဈေးရောင်းပွဲတော် ဖွင့်ပွဲကို မေ ၁၆ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ကုသိုလ် ဘုရားမျက်နှာစာ၌ ကျင်းပသည်။

မြန်မာ့သရက်သီး ဈေးပွဲတော်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်တို့က ဖွင့်လှစ်ပေးသည်။

ဒုတိယအကြိမ် မြန်မာ့သရက်သီး ဈေးရောင်းပွဲတော်တွင် မြန်မာ့သရက်သီး၏ အရည်အသွေးကို ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ သိရှိစေခြင်းဖြင့် နိုင်ငံခြားဈေးကွက် ပိုမိုရရှိစေရန်၊ သရက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို သရက်စိုက်ပျိုးထုတ်လုပ်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းသော ဓာတုကင်းလွတ်သရက်သီးများ ဈေးကွက်တွင် ရောင်းချနိုင်စေရန်၊ သရက်သီးမှ ထုတ်လုပ်နိုင်သည့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်း လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ ပိုမိုရင်းနှီးမြှုပ်နှံ လာစေရန်နှင့် သရက်စိုက်ပျိုးခြင်း လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ မြန်မာ့သရက်သီး ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်တို့မှ ထွက်ရှိသော စိန်တစ်လုံး သရက်သီးများ၊ ရွှေဟင်္သာ၊ မစောရင်၊ သုံးလုံးတစ်တောင်၊ မချစ်စုစသည့် ဈေးကွက်ဝင် သရက်သီးများအပြင် ဈေးကွက်မဝင်သေးသော သရက်မျိုးကွဲ များကိုလည်း ရောင်းချပေးသည်။

ထို့ပြင် ပွဲတော်တွင် သရက်စိုက်တောင်သူများ ပြည်ပသို့ သရက်သီးတင်ပို့ရာတွင် ဈေးကွက်ဝင်သည့်ပုံစံဖြင့် တင်ပို့နိုင်ရေး သရက်သီးပါကင် ထုပ်ပိုးသည့်နည်းပညာ၊ တင်ပို့သည့်လုပ်ငန်းအဆင့်ဆင့်၊ ဈေးကွက်တမ်းဝင်သည့် သရက်သီးမျိုးရွေးချယ်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းတို့ လက်တွေ့ သိရှိစေရန် နည်းပညာများ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မောင်ပြည်သူ

Read 36 times Last modified on Friday, 17 May 2019 11:45