SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဧရာဝတီလင်းပိုင်ကြည့် ခရီးသွားများ တည်းခိုရန် စီမံထားသည့် Dolphin Community Lodge ဖွင့်လှစ်

Friday, 17 May 2019 11:45 font size decrease font size decrease font size increase font size increase font size

ဧရာဝတီလင်းပိုင်များကို လာရောက် ကြည့်ရှုလေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ တည်းခိုနိုင်ရန် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနှင့် ကျေးရွာလူထု အခြေပြု ခရီးသွားလာရေး အဖွဲ့က စီစဉ်ဖွင့်လှစ်သော Dolphin Community Lodge ဖွင့်ပွဲကို မေ ၁၅ ရက်က ဧရာဝတီမြစ်ကမ်းဘေးရှိ ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာ၌ ကျင်းပကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) Eco-tourism Manager ဦးသန့်စင်၏ ပြောဆိုချက်အရ သိရသည်။

''ဧည့်သည်တွေကတော့ ဧပြီ ၁ ရက်က စပြီး တည်းခိုနေကြပါပြီ။ လက်ရှိမှာ ပြည်ပခရီးသွား ၁၅ ယောက်နဲ့ ပြည်တွင်းခရီးသွား သုံးယောက်ပဲရှိသေးတယ်။ တည်းခိုခက နံနက်စာအပါအဝင် နိုင်ငံခြားခရီးသွား ဧည့်သည်ဆိုရင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ၊ ပြည်တွင်းခရီးသွားဆိုရင် ငွေကျပ်နှစ်သောင်းယူပါတယ်။ ဧရာဝတီလင်းပိုင် ထိန်းသိမ်းဖို့အတွက် ဒေသခံတွေအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်။ အလည်လာရင်းနဲ့ ကမ္ဘာမှာ မြန်မာနိုင်ငံမှာပဲရှိတဲ့ ဧရာဝတီလင်းပိုင်နဲ့ ရေလုပ်သားတွေ အကျိုးတူ ငါးဖမ်းခြင်းကိုလည်း လေ့လာနိုင်ပါတယ်''ဟု ဦးသန့်စင်က ပြောသည်။

ဧရာဝတီလင်းပိုင် ကြည့်ရှုသူများအတွက် ကုန်းလမ်းခရီးစဉ်အနေဖြင့် မန္တလေးမြို့မှ စစ်ကိုင်းခရိုင်ချင်းဆက်လမ်း (စစ်ကိုင်း-ကျောက်မြောင်းလမ်း) အတိုင်း လေးနာရီကြာ သွားရောက်နိုင်မည်ဖြစ်သည်။ ထို့ပြင်မန္တလေးမြို့မှတစ်ဆင့် ရေလမ်းကြောင်းမှ အမြန်ယာဉ်ဖြင့်သွားနိုင်ပြီး နှစ်နာရီအကြာတွင် ရောက်ရှိနိုင်မည် ဖြစ်သည်။

ခရီးစဉ်တွင် Dolphin Community Lodge ၌ သဘာဝအလှတရားများကို ခံစားကြည့်ရှုကာ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သား အကျိုးတူ ငါးဖမ်းခြင်းကို လေ့လာခြင်း၊ လက်မှုပစ္စည်းများ ဖြစ်သည့် ရက်ကန်း၊ အိုး၊ ဝါးခမောက်များ ပြုလုပ်သည့် ကျေးရွာများကို လေ့လာခြင်း၊ မြန်မာနိုင်ငံမှ ပထမဆုံးဖြစ်သော တောရကြီးဘေးမဲ့တောကို လေ့လာခြင်းနှင့် ဟန်လင်းမြို့ဟောင်းသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

ဧရာဝတီလင်းပိုင် လာရောက် ကြည့်ရှုသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ညအိပ်တည်းခိုခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများမှ ဝင်ငွေများရရှိပြီး ကျေးရွာလူထု အကျိုးကျေးဇူးရရှိစေရန် ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

Read 43 times Last modified on Friday, 17 May 2019 11:46