SJ WorldNews - шаблон joomla Авто

ဘင်လှိုင်(မြင်းနှစ်ကောင်)ရွှေဆံတော်စေတီသို့ ခရီးသွား ဧည့်သည်များဖြင့် စည်ကားလျက်ရှိ

Friday, 17 May 2019 12:13 font size decrease font size decrease font size increase font size increase font size

မုဒုံ၊ ခရီးသွားလာမှု

မွန်ပြည်နယ် မုဒုံမြို့နယ် ကော့ခပုံစံပြ ကျေးရွာ၌ တည်ရှိသော သမိုင်းဝင်ဘင်လှိုင် (မြင်းနှစ်ကောင်)ရွှေဆံတော်စေတီသို့ အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားဧည့်သည် များဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း  ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ထံမှ သိရသည်။

''ဘုရားဖူး ဧည့်သည်တွေကတော့ နေ့စဉ် ကားကြီးကားငယ်တွေနဲ့လာရောက်နေကြတယ်။   စေတီတော်ကြီးက ဆုတောင်း ပြည့် သလို ဆရာတော်အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ မဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တဥပါလိမထေရ် ဦးဆောင် တည်ထားသော လောကနာထ ကြေးသွန်းလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ အံ့သြဖွယ်ရာ ထူးခြား သပ္ပာယ်ကြည်ညို ဖွယ်ကောင်းလှတယ်''ဟု ဂေါပကဥက္ကဋ္ဌဦးဝင်းကြည်က ပြောသည်။

ဘင်လှိုင်(မြင်းနှစ်ကောင်)ရွှေဆံတော် စေတီတွင် ဗုဒ္ဓဝင်ပြခန်းများ၊ ဓာတ်တော်တိုက်၊ ရှေးဟောင်းပြတိုက်၊ နှစ်ကျိပ်ရှစ်ဆူ

ရုပ်ပွားတော်များစံပျော်ရာဝတ်ကျောင်းဆောင် နှင့်အတူ ဘုရားဖူးများ၊ အပန်းဖြေနားနေနိုင်ရန် ပန်းခြံ၊ အခမဲ့ညအိပ် တည်းခိုနားနေရန်  ဓမ္မာရုံများနှင့်အခမဲ့ယာဉ်အပ်နှံရန်   ဌာနများကိုလည်း ပြုလုပ်ထားရှိကြောင်း သိရသည်။

စေတီတော်သည် အချက်အချာကျသည့် နေရာတွင်တည်ရှိသည့်အတွက် ပြည်တွင်းဘုရားဖူးများ သာမက နိုင်ငံခြား သားခရီးသွား ဧည့်သည်များလည်း ဝင်ရောက်လေ့လာမှု များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။       

Read 20 times Last modified on Friday, 17 May 2019 12:18