SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ (၁၆/၂ဝ၁၉) အစည်းအဝေး ကျင်းပ

Friday, 24 May 2019 09:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ ၂၃

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၁၆/၂ဝ၁၉) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော်ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က  နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး  ကော်မတီတွဲဖက် အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက ပြင်ဆင်အကြံပြုချက်များ စုစည်းရရှိမှုကို ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ တက်ရောက်လာကြသော နိုင်ငံရေးပါတီများ၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များက ဆွေးနွေး တင်ပြကြပြီး တွဲဖက် အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို က ယနေ့အစည်းအဝေး၏ သဘောတူညီ ချက်များကို အတည်ပြုချက် ရယူသည်။

ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ( ၂ဝဝ၈ ခုနှစ် ) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏( ၁၇/၂ဝ၁၉) အစည်းအဝေးကို မေ  ၃ဝ  ရက်တွင် ဆက်လက်ကျင်းပရန် လျာထားကြောင်း  သိရသည်။

Read 16 times Last modified on Friday, 24 May 2019 16:57