SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Friday, 24 May 2019 17:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ ၂၃

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo  Grandi သည် ယနေ့နံနက် ၉ နာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသား လူငယ်လူရွယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့်   အခြေအနေများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏   အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုဆိုင်ရာ ကိစ္စရပ်များ၊ လတ်တလော တိုက်ပွဲရှောင်ပြည်သူများအတွက်  စားဝတ်နေရေး ထောက်ပံ့ကူညီပေးရေး ကိစ္စရပ်များ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသော အစ္စလာမ်ဘာသာဝင်များ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရွှေ့ပြောင်း အလုပ်သမားများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမှုများ၊ တောင်ပေါ် IDPs စခန်း(မြေပုံမြို့နယ်) ပိတ်သိမ်းနိုင်ရေးအတွက်     နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ကျန် IDPs စခန်းများ ပိတ်သိမ်းရေးအတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်း ဖြေရှင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့   နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။                 

 (၅ဝဝ)

Read 40 times Last modified on Friday, 24 May 2019 17:07