SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

(၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပ

Sunday, 26 May 2019 11:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မေ ၂၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း၍ (၁၃)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်  ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယခု သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲသည် အလုပ်သမားရေးရာ ကိစ္စရပ်များကို အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များကြား အပြန်အလှန် အသိအမှတ်ပြုပြီး  ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးခွင့် ရသောကြောင့်  များစွာ အကျိုးသက်ရောက်မှု ရှိစေကြောင်း၊  ဥပဒေနှင့်အညီ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှု ရရှိပြီး  လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် အထောက်အကူ ဖြစ်စေသောကြောင့် အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို   ကာကွယ်စောင့်ရှောက်နိုင်မည် ဖြစ်ကြောင်း။

 

ဇွန်လအတွင်း ကျင်းပမည့် (၁ဝ၈)ကြိမ်မြောက် ညီလာခံ၏ စံများ လိုက်နာကျင့်သုံးမှု ဆိုင်ရာကော်မတီ   (Committee on the Application of  Standards)တွင် မြန်မာနိုင်ငံမှ အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍   ရှင်းလင်းဆွေးနွေးရန် လျာထားစာရင်းတွင် ရှိကြောင်း။

 

ယနေ့ဆွေးနွေးမည့် အစီအစဉ်များတွင် တက်ရောက် လာသူများအနေဖြင့်  အလုပ်သမားထုနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရှေးရှုပြီး အပြုသဘောနှင့် ရလဒ်ကောင်းများ ရရှိအောင်   ပူးပေါင်း ပါဝင် ဆွေးနွေးကြရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ILO မှ  Liaison Officer Mr. Rory Mungoven က နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ  ILO  မှ Liaison Officer  Mr. Rory Mungoven နှင့် ILO ရန်ကုန်ရုံးမှ   ကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း    သိရသည်။    

 

 

Read 53 times Last modified on Sunday, 26 May 2019 11:26