SJ WorldNews - шаблон joomla Авто

ရေရှားပါးသော နေရာသို့ သောက်သုံးရေလှူဒါန်း

Sunday, 26 May 2019 11:30 font size decrease font size decrease font size increase font size increase font size

သောက်သုံးရေ  ရှားပါးသော စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင်ဒေသရှိ လဲကန် ကျေးရွာအုပ်စု   ကုန်းရွာကျေးရွာသို့ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မေ ၂၄ ရက် နံနက်ပိုင်းက သောက်သုံးရေများကို  သွားရောက် လှူဒါန်းကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ပုလဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးနှင့် အဖွဲ့ဝင်များက ရေသယ်ယာဉ် တစ်စီးနှင့် ရေသန့်ဘူးကြီး ဘူး ၆ဝ စုစုပေါင်း  ရေဂါလန် ၁၁၅ဝ ကို ကျေးရွာရှိ  အိမ်ခြေ ၁၃၄ အိမ်၊ လူဦးရေ ၆၄၉ ဦးအတွက် သွားရောက် လှူဒါန်းပေးကြောင်း သိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)

Read 21 times Last modified on Sunday, 26 May 2019 11:31