SJ WorldNews - шаблон joomla Авто

ပဲခူးမြို့နယ်အဆင့် တတိယတန်း Grade-3 (သင်ရိုးသစ်) သင်တန်းဆင်း

Sunday, 26 May 2019 11:31 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး   ပဲခူးမြို့ ဆည်မြောင်းလမ်းရှိ    အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ မေ ၂၄ ရက် မွန်းလွဲပိုင်းက  ပဲခူးမြို့နယ်အဆင့်     တတိယတန်း Grade-3 (သင်ရိုးသစ်) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ    ပဲခူးမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်လွင်လွင်ဦးက     သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းမှူး မြို့နယ် ဒုတိယပညာရေးမှူး   ဆရာကြီး ဦးအေးသိန်းက  ရှေ့လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး  ဆရာမကြီး ဒေါ်လွင်လွင်ဦးက သင်တန်းကာလအတွင်း  ကျန်းမာရေး စောင့်ရှောက်မှု    ပြုလုပ်ပေးသော ကျန်းမာရေး ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ  ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများက သီဆိုကပြ     ဖျော်ဖြေတင်ဆက်ကြသည်။

အဆိုပါ သင်တန်းတွင် ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်း ၂၃၁ ကျောင်းမှ မူလတန်းပြဆရာ၊ ဆရာမများ၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်မူလတန်း အဆင့်သင် ကျောင်းများမှ  ဆရာ၊ ဆရာမများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ   ဆရာ၊ ဆရာမ ၁၁၃၄ ဦးက   မေ ၁ဝ ရက်မှ ၂၄ ရက်၊ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ၁၄ ရက်ကြာ တက်ရောက်ကြကြောင်း သိရသည်။

Read 21 times Last modified on Sunday, 26 May 2019 11:31