SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

၂ဝ၁၉ - ၂ဝ၂ဝ ပညာ သင်နှစ်အတွက် ကျောင်းအပ်နှံခြင်း စတင်ဆောင်ရွက်

Sunday, 26 May 2019 11:31 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ  အခြေခံပညာကျောင်းများ၏ ၂ဝ၁၉ - ၂ဝ၂ဝ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် သတ်မှတ်၍ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း  နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း ကျောင်းအပ်နှံရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာပါ။       အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း မအပ်နှံနိုင်ပါက ကျောင်းချိန်ပြင်ပ( ကျောင်းစာသင်ချိန်ပြင်ပ) အချိန်များမှာ အပ်နှံနိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင်ြ့မင့်ဌေးက ပြောသည်။

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတွင်  Grade-1 မှစ၍  တက္ကသိုလ်ဝင်တန်းအထိ ပုံနှိပ်စာအုပ်များကို အခမဲ့ပေးခြင်း ဖြစ်သည်။ ယခင်နှစ်က မူလတန်းကျောင်းသား၊ ကျောင်းသူများကို    ကျောင်းဝတ်စုံ ပေးခဲ့သော်လည်း ယခုနှစ်တွင်  ကျောင်းဝတ်စုံအစား   ဗလာစာအုပ်ခြောက်အုပ်စီ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

''သင်ရိုးသစ်အနေဖြင့်   အခြေခံပညာမူလတန်းပိုင်းမှာ KG မှ  Grade-3 အထိ၊ အလယ်တန်းပိုင်းမှာ     စတုတ္ထတန်းအောင် ကျောင်းသား၊ ကျောင်းသူများက Grade- 6 သင်ရိုးသစ်ဖြင့် သင်ကြားရမည် ဖြစ်ပြီး ကျန်သည့် အခြေခံပညာ မူလတန်းမှာဆိုရင် စတုတ္ထတန်းက သင်ရိုးဟောင်း အနေဖြင့် ရှိနေပြီး အခြေခံပညာ အလယ်တန်းမှာ  ၆ တန်း၊  ၇ တန်း၊  ၈ တန်း၊    အခြေခံပညာ အထက်တန်းမှာ     ၉ တန်း၊ ၁ဝ တန်းသည် သင်ရိုးဟောင်းအတိုင်းသာ ဖြစ်ကြောင်း'' ၎င်းက ဆက်လက်ပြောကြားသည်။

အမှတ်(၃)  အခြေခံပညာအထက်တန်းကျောင်း၌ ယခင်ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ KG ၁၅၂  ဦး၊ Grade-1 ၁၈၂ ဦး၊  Grade-2၂ဝဝ ဦး၊ တတိယတန်း ၁၆၅ ဦး၊ စတုတ္ထတန်း ၁၉၈ ဦး၊ ပဉ္စမတန်း ၂၇၃ ဦး၊ ဆဋ္ဌမတန်း ၂၆၅ ဦး၊ သတ္တမတန်း ၂၅ဝ ဦး၊ အဋ္ဌမတန်း ၃၁၇ ဦး၊ နဝမတန်း ၃၂၅ ဦးနှင့် ဒသမတန်း ၂၂၃ ဦး စုစုပေါင်း ၂၅၅ဝ ဦးအထိရှိကြောင်း  သိရသည်။           

ဇော်မျိုး(နေပြည်တော်)

Read 46 times Last modified on Sunday, 26 May 2019 11:32