SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

မြန်မာသင်္ဘောသားများ၏ အင်္ဂလိပ်စာ အရည်အသွေးကို MNA က အခမဲ့ စစ်ဆေး လေ့ကျင့်ပေးမည်

Sunday, 26 May 2019 11:33 font size decrease font size decrease font size increase font size increase font size

ပြည်တွင်းရှိ မြန်မာသင်္ဘောသားများ၏ အင်္ဂလိပ်စာ အရည်အသွေး လျော့ကျနေမှုများကို မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်း   (Myanmar   Nautical Association -MNA) မှ  အခမဲ့စစ်ဆေးလေ့ကျင့်မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း မေ ၂၄ ရက်က ရန်ကုန်မြို့  ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ Western Park Royal Restaurant ၌ ကျင်းပသော   MNA  ၏ အသင်းသား စုံညီတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရေကြောင်း အတတ်ပညာရှင်များ အသင်းမှ အလုပ်အမှုဆောင် ကပ္ပတိန်ဦးစမ်းမိုးအောင်၏ ပြောပြချက်အရ သိရသည်။

''မြန်မာသင်္ဘောသားတွေရဲ့ အင်္ဂလိပ်စာ စွမ်းရည်က နိမ့်ကျနေတယ်လို့ ပြောဆိုနေတာ တွေရှိတယ်။ ဒါကို အသင်းအနေနဲ့ အသင်းသားတွေရဲ့ ထည့်ဝင်ငွေအပြင်  လူအားနဲ့ပါ လုပ်အားပေးသဘောမျိုး  လုပ်ဆောင်မယ့် သဘောပါ။ ဒီအတွက် မြန်မာသင်္ဘောသား တွေ သင်္ဘောတွေက နေပြန်လာတဲ့ အချိန်မှာ  အင်္ဂလိပ်စာ အရည်အသွေးကို အခမဲ့စစ်ဆေးမယ်၊ ပြီးရင်လက်မှတ်ထုတ်ပေးမယ်။ သင်္ဘောသားတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေးကို သင်္ဘောကုမ္ပဏီတွေက ကောင်းလာတယ်လို့  မှတ်ချက်တွေ ထွက်လာတယ်ဆိုရင်  ဒီအစီ အစဉ်က အောင်မြင်တယ်လို့ ပြောရမယ်''ဟု ဦးစမ်းမိုးအောင်က ပြောသည်။

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းရှိ သင်္ဘောသား အရေအတွက်မှာ သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်နေသော  သင်္ဘောသား အရာရှိ ၁၇ဝဝဝ ခန့် ရှိနေပြီး သင်္ဘောသားအနေဖြင့် ၂၅ဝဝဝ ခန့် ရှိကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

Read 62 times Last modified on Sunday, 26 May 2019 11:34