SJ WorldNews - шаблон joomla Авто

တစ်နှစ်တာ အကောင်းဆုံး ကော်ဖီအရည်အသွေး ရွေးချယ်ပြိုင်ပွဲယှဉ်ပြိုင်

Sunday, 26 May 2019 11:34 font size decrease font size decrease font size increase font size increase font size

Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်က အသင်းဝင် တောင်သူများ၏ ဇုန်အလိုက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရိတ်သိမ်း ရာသီ၏ တစ်နှစ်တာ အကောင်းဆုံး ကော်ဖီအရည်အသွေး ရွေးချယ်ပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စု စံဖူးဘုန်းတော်ကြီး ကျောင်း၌ မေ ၂၄ ရက် နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကော်ဖီနှင့်အခြားသီးနှံများ ပြည်တွင်းဈေးကွက်တွင် သာမက ပြည်ပဈေးကွက်တွင်ပါ ရရှိရန် အစိုးရ

အဖွဲ့အစည်းများက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စာချုပ်ချုပ်ဆိုပြီး ဒေသအတွင်း အစားထိုး သီးနှံစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ Green Gold အင်အားမြင့်တက်လာပြီး ထုတ်လုပ်မှု အရည်အသွေးမှာလည်း တဖြည်းဖြည်း မြင့်တက်လာကြောင်းနှင့် ဒေသအတွင်းရှိ အခြားသော ကျေးရွာများ စိတ်ဝင်စားမှု ရရှိလာအောင် ဆွဲဆောင်မှုပြုရန်၊ ကော်ဖီစိုက်ပျိုးမှု နည်းပညာနှင့် ထုတ်လုပ်မှုအရည်အသွေးကို   ရှင်းလင်းပြသရန်လိုကြောင်း ပြောသည်။

ယင်းနောက် Green Gold ဥက္ကဋ္ဌ ဦးခွန်မောင်ထီးက    အမှာစကားပြောကြားပြီး ပြင်သစ်နိုင်ငံ Malongo  ကုမ္ပဏီမှ Mr-Gean- Christophe က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် Malongo ကုမ္ပဏီမှ Mr-Gean-Christophe က  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးအဖွဲ့ဥက္ကဋ္ဌအား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်ကော်ဖီများ၏ အရည်အသွေး မြည်းစမ်းခြင်းနှင့် ဆုများပေးအပ်ခြင်းတို့ ဆောင်ရွက်သည်။

Green Gold ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့်    အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်ကို အသင်းသား  ၉ဝ၅ ဦးဖြင့်   ဖွဲ့စည်းထားပြီး    ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နှင့် မိုင်းပွန်မြို့နယ်တို့မှ ကျေးရွာ ၅၅ ရွာအား ဇုန် ၄၉ ခု သတ်မှတ်ကာ ထုတ်လုပ်လျက်ရှိသည်။ ပထမဆုရရှိသည့် ဇုန်သည် ပြင်သစ်နိုင်ငံ Malongo ကုမ္ပဏီ၌   ကျေးရွာ အမည်ဖြင့် ရောင်းချခွင့် ရရှိမည်ဖြစ်ကာ  အမေရိကန်ဒေါ်လာ ၈ဝဝဝ ရရှိမည် ဖြစ်ကြောင်း သိရသည်။

Read 36 times Last modified on Sunday, 26 May 2019 11:34