SJ WorldNews - шаблон joomla Авто

ရန်ကုန်မြစ်ကူး ကူးတို့ရေယာဉ်ကြီးများ၌ မိုးကာလအတွင်း ခရီးသည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် စီစဉ်

Sunday, 26 May 2019 11:34 font size decrease font size decrease font size increase font size increase font size

ပန်းဆိုးတန်းဆိပ်ကမ်းနှင့် ဒလဆိပ်ကမ်းတို့ကို   ဆက်သွယ် ပို့ဆောင်ပေးနေသည့် ရန်ကုန်မြစ်ကူး  ကူးတို့ရေယာဉ်ကြီး များ၌ မိုးကာလအတွင်း     ခရီးသည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန်  စီစဉ်ထားကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ  တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

''ရာသီဥတု အခြေအနေပေါ် မူတည်ပြီးတော့ ဌာနကနေ  အကြောင်းကြားလာတဲ့အပေါ် စီမံဆောင်ရွက်နေပါတယ်။ မိုးရွာလို့ မြင်ကွင်းမကောင်းတာတို့၊  လေတအား တိုက်တာတို့ကြုံရင် ရေယာဉ်တွေထွက်ခွင့် မပေးပါဘူး။ အခုပြေးဆွဲနေတဲ့  ချယ်ရီရေ ယာဉ်ကြီးတွေမှာ  ရေဒါတွေနဲ့  ခေတ်မီ နည်းစနစ်တွေ ပါဝင်တာကြောင့် လေပြင်း တိုက်တာတို့၊ မြင်ကွင်းမကောင်းတာတို့ဖြစ် ရင်တောင်မှ အန္တရာယ်မကြုံအောင် မောင်း နှင်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့လည်း ထွက်ခွင့်မပေးဘူး ဆိုတာက မြစ်ထဲမှာ သွားနေတာက  ကိုယ့်တစ်စင်းတည်း မဟုတ်ဘူးလေ။ ကိုယ့်မှာ ခေတ်မီနည်းစနစ်တွေ တပ်ဆင်ထားပေမယ့် တခြားစက်လှေတွေ၊ သင်္ဘောတွေမှာ    ခေတ်မီနည်းစနစ်တွေ မပါတာတွေ အများကြီးပဲ။   ဒါကြောင့်  ပေးမထွက်ဘဲ ရာသီဥတုကောင်းပြီ၊ မြင်ကွင်းကို ပီပီပြင်ပြင် မြင်ရပြီဆိုတဲ့ အနေအထား မျိုးကျမှ ဆိပ်ကမ်းကနေ ထွက်ခွာခွင့်ပြုတာ ဖြစ်ပါတယ်''  ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ခရီးစဉ်အတွင်း ချယ်ရီအမှတ် (၁၊ ၂၊ ၃) ဟု အမည်ရှိသော ကူးတို့သင်္ဘောကြီး သုံးစင်းအနက် တစ်စင်းမှာ ရပ်နားကာ နှစ်စင်းကို အလှည့်ကျအဖြစ် ခရီးသည်များအား  ပို့ဆောင်နေပြီး နေ့စဉ်  တစ်ရက်လျှင်  ခရီးသည်ပျမ်းမျှ ဦးရေ ၂၇ဝဝဝ ခန့် သယ်ယူပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

ချယ်ရီအမှတ် (၁၊ ၂၊ ၃) ရေယာဉ်များတွင် Life Jacket ၁၂၅ဝ၊ Life ဗော်ယာ ၅၆ ခုရှိ ပြီး ခရီးသည် တင်နိုင်စွမ်း သတ်မှတ်ချက်မှာ ၁၂ဝဝ ရှိသော်လည်း Life Jacket များကို ပိုမိုထည့်သွင်း ပေးထားခြင်းဖြစ်သည်။

''မိုးရွာလို့ ဗောတံတားတွေပေါ်မှာ ရေတွေနဲ့ ချော်လဲပြီး ရေထဲကျတာမျိုး ဖြစ်တတ်တာကြောင့် မလိုလားတဲ့  အန္တရာယ်မျိုး မဖြစ်အောင်  ပန်းဆိုးတန်းနဲ့  ဒလဆိပ်ကမ်းမှာပါ ဆိပ်ကမ်းဝန်ထမ်းတွေက စောင့်ကြပ်သတိပေးတာတွေ လုပ်ဆောင်နေပါတယ်။  ဒါကို မိုးတွင်းမှမဟုတ်ဘူး၊ မိုးတအားရွာချိန် တွေမှာလည်း  လုပ်ဆောင်ပါတယ်''  ဟု ၎င်းကပြောသည်။

ထက်ခိုင်(စမ်းချောင်း)

Read 34 times Last modified on Sunday, 26 May 2019 11:35