SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဟားခါးမြို့၌ အားကစားနှင့် ကာယပညာ(သိပ္ပံ) ကျောင်း တည်ဆောက်လျက်ရှိ

Sunday, 26 May 2019 15:07 font size decrease font size decrease font size increase font size increase font size

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ထူးချွန်ထက်မြက်သော လူငယ်များ မွေးထုတ်နိုင်ရန်နှင့် ၎င်းတို့၏   ပင်ကိုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရေးကို ရည်ရွယ်၍ ချင်းပြည်နယ်၏ ပထမဦးဆုံးသော အားကစားနှင့်  ကာယပညာ(သိပ္ပံ) ကျောင်းကို ဟားခါးမြို့၌ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်လျက် ရှိကြောင်း သိရသည်။

အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်း ၌ သင်တန်းသား၊  သင်တန်းသူ အဆောင်အပါအဝင် အဆောက်အအုံ လေးခုတည် ဆောက်မည်ဖြစ်ပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၂ဝဝ ဘတ်ဂျက်ချ ထားပေးကြောင်း၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် တွင်လည်း ငွေကျပ် ၁၉၅ သန်းခန့်ပြန်လည် ချပေးမည်ဖြစ်ပြီး ရုန်းနှင့်သူရလင်းကုမ္ပဏီ တို့က  တာဝန်ယူဆောက်လုပ်ကြမည်  ဖြစ်သည်။ အဆိုပါကျောင်းတွင် အားကစား  ငါးမျိုးဖြင့် စတင်သင်ကြားမည်ဖြစ်ပြီး ချင်း ပြည်နယ်အတွင်း   မြို့နယ်ကိုးမြို့နယ်ရှိ  ကလေးငယ်များ တက်ရောက်နိုင်မည်ဖြစ်ရာ ဒေသခံလူငယ်များ စိတ်ဝင်စားမှု ရှိသည့် ဂျူဒို၊ကရာတေး၊   မြားပစ်နည်းများကိုလည်း သင်ကြားပို့ချပေးသွားမည် ဖြစ်သည်။

အဆိုပါကျောင်းကို ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် ဦးဆောင်၍ မေ ၂၁ ရက်က ပြည်နယ်တည် ဆောက်ရေးလုပ်ငန်းစိစစ်ရေးနှင့် ကြီးကြပ် ရေးကော်မတီဝင်များ၊  အရည်အသွေး စစ်ဆေးရေး ကော်မတီ                   အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ကျောင်းတည် ဆောက်ရေးနှင့်ပတ်သက်၍ အဆောက်အအုံ များ စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ  မှန်ကန်တိကျမှုရှိစေရေး အတွက် စစ်ဆေးကြောင်းသိရသည်။                          

ထယ်လ်ဏ

Read 57 times Last modified on Sunday, 26 May 2019 15:08