SJ WorldNews - шаблон joomla Авто

ကျွန်းလှ-သဖန်းဆိပ် ကားလမ်းပေါ်ရှိ ပျက်စီးနေသော တပ်ကုန်းတံတားကြမ်းခင်းများ ပြုပြင်ပေးစေလို

Monday, 27 May 2019 09:46 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့် ဆက်သွယ်သွားလာရာတွင် အဓိကအသုံးပြုသော ကျွန်းလှ-သဖန်းဆိပ်ကားလမ်းပေါ်ရှိ တပ်ကုန်း တံတားကြမ်းခင်းများမှာ ယခုအခါ ပျက်စီးနေပါသည်။

အဆိုပါ တပ်ကုန်းတံတားပေါ်မှ သဖန်းဆိပ်ဆည်အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း ကျေးရွာပေါင်း ၁ဝဝ ကျော်မှဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသွားလာခြင်းနှင့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ နေ့စဉ်ဖြတ်သန်းမောင်းနှင်လျက်ရှိရာ တံတားကြမ်းခင်းများ ပျက်စီးနေသောကြောင့် မလိုလားအပ်သော အန္တရာယ် ဖြစ်ပေါ်မည်ကို စိုးရိမ်ရပါသည်။

သို့ဖြစ်ပါ၍ ပျက်စီးနေသော တံတားကြမ်းခင်းများကို အမြန်ဆုံး ပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ မြဝတီသတင်းစာ၏ ပွင့်လင်းမြင်သာပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။

ဒေသခံပြည်သူများ

Read 29 times