SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခုနစ်လုံး အမိုးအကာများ ပျက်စီးဆုံးရှုံး

Monday, 27 May 2019 09:49 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့၌ မေ ၂၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ခုနစ်လုံး အမိုးအကာများ ပျက်စီးဆုံးရှုံးကြောင်း သိရသည်။

မော်လူးမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် မင်းသစ္စာရပ်ကွက်၌ လူနေအိမ်ခြောက်လုံးနှင့် မင်းချမ်းသာ ရပ်ကွက်၌ လူနေအိမ်တစ်လုံး အမိုးအကာများ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့ပြင် လေပြင်းတိုက်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် ကလေးတစ်ဦးမှာ သစ်သားစထိမှန်သဖြင့် ၂ လက်မခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ )ရရှိသွားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားရာ နေရာသို့ မော်လူးမြို့ မင်းချမ်းသာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ရာအိမ်မှူး ဦးဟန်သိန်း၊ မင်းသစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်၊ မော်လူးနယ်မြေ ရဲစခန်းမှူး ရဲအုပ်ကိုကိုအောင်နှင့် နယ်ထိန်းခေါင်းဆောင် ရဲတပ်ကြပ်နိုင်ဝင်းစိန် တို့အဖွဲ့က သွားရောက်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို စနစ်တကျ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 88 times Last modified on Monday, 27 May 2019 09:49