SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်နှင့် ယန္တရား ယာဉ်တင်သွင်းခြင်းကို ခွင့်ပြုမည့် အစီးရေ ကန့်သတ်

Wednesday, 29 May 2019 09:22 font size decrease font size decrease font size increase font size increase font size

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ်နှင့် ယန္တရားယာဉ်တင်သွင်းခြင်းကို ခွင့်ပြုမည့် အစီးရေ ကန့်သတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

''၅ တန်နဲ့အထက် လုပ်ငန်းသုံးယာဉ်၊ City Bus နဲ့ Express Bus တွေ တင်သွင်းဖို့ ရန်ကုန်တိုင်း ဒေသကြီး လိပ်စာနဲ့ ခွင့်ပြုမယ်။ ကျန်မော်တော်ယာဉ်တွေကို တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်လိပ်စာနဲ့ ခွင့်ပြုမယ်''ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ တင်သွင်းခွင့်အစီးရေ ကန့်သတ်ရာတွင် ၁ တန်အောက် လုပ်ငန်းသုံးယာဉ် (Pick Up ၊ Delivery Van) တစ်လ တစ်စီး၊ ၁ တန်နှင့် ၃ တန်ကြား (Light Truck၊ Box Truck၊ Freezer Box Truck) တစ်ပတ် ငါးစီး၊ ၃ တန်မှ ၅ တန်အထိ တစ်ပတ် ငါးစီးနှင့် Bus တစ်ပတ် ငါးစီးသာ တင်သွင်းခွင့် ရရှိသည်။

ထို့ပြင် ယန္တရားယာဉ်များ တစ်ပတ် ငါးစီး၊ Trailer တစ်ပတ် ငါးစီး၊ သုံးဘီးယာဉ် တစ်ပတ် အစီးရေ ၅ဝ သာ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ရရှိမည် ဖြစ်သည်။

မော်တော်ယာဉ် ယန္တရားများ တင်သွင်းခွင့် လိုင်စင်လျှောက်ထားရာတွင် ယာဉ်တင်သွင်းခွင့် လျှောက်ထားမည့် ကုမ္ပဏီ သက်တမ်း တစ်နှစ်ပြည့်မှသာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ကျော်ကို

Read 52 times Last modified on Wednesday, 29 May 2019 09:22