SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ယခုပညာသင်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ အခြေခံပညာကျောင်း တက်ရောက်မည့် ကလေးငယ် ပျမ်းမျှ ၁၄ သိန်းခန့်ရှိ

Wednesday, 29 May 2019 09:24 font size decrease font size decrease font size increase font size increase font size

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံပညာကျောင်း တက်ရောက်မည့်ကလေးငယ် ပျမ်းမျှ ၁၄ သိန်းခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

''ရန်ကုန်တိုင်းဒေသကြီးမှာ လူထုလှုပ်ရှားမှုအသွင်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ကျောင်းအပ်နှံရာမှာလည်း ကုန်ကျမှုမရှိဘဲ အပ်နှံနိုင်တာကြောင့် မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘူး။ ဒီအချက်တွေကို သိရှိအောင် နှိုးဆော် ဆောင်ရွက်နေပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောသည်။

ကျောင်းနေအရွယ်ကလေးများကို မေ ၃၁ ရက်အတွင်း ကျောင်းအပ်နှံနိုင်ရေး သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ မှတစ်ဆင့် လိုက်လံနှိုးဆော်လျက်ရှိပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း လာရောက်အပ်နှံရန် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ အကူအညီဖြင့် တစ်အိမ်တက်ဆင်း အသိပေးဆောင်ရွက်လျက်ရှိသည်။

ကျောင်းအပ်နှံရာတွင် အခြေခံပညာ မူလတန်းအရွယ်ကလေးများအတွက် ယခင်နှစ်ကကဲ့သို့ ကျောင်းဝတ်စုံ များပေးမည် မဟုတ်ဘဲ အတန်းလိုက် ပြဋ္ဌာန်းထားသည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ် ခြောက်အုပ် နှင့်အတူ ကျောင်းဝတ်စုံအစား ဗလာစာအုပ် ခြောက်အုပ်ထပ်ဖြည့်၍ ဗလာစာအုပ် တစ်ဒါဇင် ထုတ်ပေးကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

Read 58 times Last modified on Wednesday, 29 May 2019 09:25