SJ WorldNews - шаблон joomla Авто

တိရစ္ဆာန်အသက်ကယ် အဆောက်အအုံ တည်ဆောက်နေမှုကို နိုင်ငံတကာ တိရစ္ဆာန်များ သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့ လာရောက်လေ့လာ

Wednesday, 29 May 2019 09:55 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ညောင်ဝိုင်းကျေးရွာ အုပ်စု ဆင်ကျွန်းကျေးရွာ၌ တည်ဆောက်နေသော  ကျွဲ၊ နွားတိရစ္ဆာန် ရေဘေးရှောင် တိရစ္ဆာန် အသက်ကယ်ကုန်းနှင့် အဆောက်အအုံတို့ကို မေ ၂၇ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာတိရစ္ဆာန်များ သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့က လာရောက်လေ့လာကြောင်း  သိရသည်။

 အမေရိကန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ တိရစ္ဆာန်များ သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့သည် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်  သဘာဝရေဘေး အန္တရာယ် ကျရောက်ခဲ့စဉ်က မြို့နယ်၊ ကျေးရွာများ၌ ကျွဲ၊ နွားတိရစ္ဆာန်များ ရေဘေးအန္တရာယ်  ကြုံတွေ့ခဲ့ရမှုများကို တွေ့မြင်ခဲ့ရသဖြင့် အင်္ဂပူမြို့နယ်နှင့် ဟင်္သာတမြို့နယ် တို့တွင်  Animal Safe Land and Shelter တစ်ခုစီ ဆောက်လုပ်လှူဒါန်းခဲ့ကြောင်းနှင့် ၎င်းတို့အဖွဲ့ တည်ဆောက်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသော   အားသာချက်၊ အားနည်းချက်များကို အကြံပြုခြင်း၊ တည်ဆောက် ပြီးစီးပါက ကျေးရွာနေပြည်သူများအား  အရေးပေါ် ကယ်ဆယ်ရေး   သင်တန်းများကို ဖွင့်လှစ်ပေးခြင်းနှင့် တိရစ္ဆာန်ရေဘေးရှောင် အသက်ကယ်ကုန်းများကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်လေ့လာခြင်း ဖြစ်ကြောင်း  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာလှိုင်ဆွေထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်  AYAR  MOON  Construction Engineering ကုမ္ပဏီက တာဝန်ယူ၍   တိရစ္ဆာန် အသက်ကယ်ကုန်းနှင့်    အဆောက်အအုံ  ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။

Read 28 times Last modified on Wednesday, 29 May 2019 09:56