SJ WorldNews - шаблон joomla Авто

မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

Wednesday, 29 May 2019 10:00 font size decrease font size decrease font size increase font size increase font size

မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်း ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ မေ ၂၇ ရက် နံနက်ပိုင်းက ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် မွန်ပြည်နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပသည်။

အခမ်းအနားကို အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ''ပညာပန်းခင်း'' သီချင်းသီဆို၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မွန်ပြည်နယ်ပညာရေးမှူးက ပညာရေးဝန်ကြီးဌာနမှ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ပေးထားပြီး ဖြစ်၍ တစ်နိုင်ငံလုံး အမျိုးသားရေး အသွင်အဖြစ် လှုပ်ရှားနေကြပြီ ဖြစ်ကြောင်း၊ မွန်ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုကို ခံယူပြီး သူငယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းနေနှုန်းရာခိုင်နှုန်း ပြည့်မီရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပညာရေးအလှူရှင်များ ပေါင်းစပ်ညှိနှိုင်းပြီး မွန်ပြည်နယ် ပညာရေးဝန်ထမ်းများ အားလုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာနက အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာ အထက်တန်းကျောင်း(ကော့ခမယ်) ကျောင်းအုပ်ကြီး ဦးစန်းမြင့်ထံ လွှဲပြောင်းပေးအပ်ပြီး ပညာရေး ဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ဗလာစာအုပ်များအား ပညာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းအုပ်ကြီး ဒေါ်ဇေယျာဝင်းထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပညာရေးဌာနမှ အခမဲ့ဖြန့်ဝေပေးသော Grade-3/ Grade-6/ မူလတန်းလေးကြောင်းမျဉ်း စာအုပ်များအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်တို့က အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၈) အခြေခံ ပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများအား လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

Read 48 times Last modified on Wednesday, 29 May 2019 10:00