SJ WorldNews - шаблон joomla Авто

တပ်မတော်သတင်း စာရှင်းလင်းပွဲ၌ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြား

Wednesday, 05 June 2019 10:34 font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှအဆက်

7Day သတင်းဌာနမှ သတင်းထောက်ရဲနိုင်

 

တတိယမေးခွန်းအနေဖြင့် မြောက်ပိုင်းလေးဖွဲ့နှင့် တစ်ဖွဲ့ချင်းစီအပစ်အခတ်ရပ်စဲ စာချုပ်ချုပ်ဖို့ ကြိုးစား နေသည့်အခါတွင် တပ်မတော်အနေဖြင့် အဓိကအခက်အခဲကို သိရှိလိုပါကြောင်း၊ ၎င်းလေးဖွဲ့ထဲတွင် တိုက်ပွဲဖြစ်နေသည့် AA တပ်ဖွဲ့ပါရှိသဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသည့်အခါ သီးခြားမူဝါဒ ကန့်သတ်ပြီး AA နှင့် ဆောင်ရွက်သွားရန် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင်

 

တပ်မတော်အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ NCA ထီးရိပ်အောက်သို့ ဝင်လာရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အပစ်လည်း ရပ်ပေးထားကြောင်း၊ မည်သို့ဆောင်ရွက်ရမည်ကိုလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ဆိုလိုသည်မှာ NCA အပေါ် အခြေခံပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင် (Political Framework) လည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ အသေးစိတ်ဆောင်ရွက်ရမည့် TOR ၊ SOPကိုလည်း ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းရေးကို လိုလားပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အခြားလမ်းကြောင်း တောင်းဆိုလာပါက အဆင်မပြေနိုင်ကြောင်း၊ လက်ရှိအနေအထားအရ ဦးဇော်ဌေး ပြောကြားထားပြီး ဖြစ်သကဲ့သို့ ဆွေးနွေးမည့်နေရာကိုပင် ညှိနှိုင်း၍ မရသေးကြောင်း ဖြေကြားခဲ့ပါသည်။

 

7Day သတင်းဌာနမှ သတင်းထောက်ရဲနိုင်

 

မြောက်ပိုင်းလေးဖွဲ့နှင့် ညှိနှိုင်းမှု အခြေအနေအောင်မြင်နိုင်မည်ဟု တပ်မတော်အနေဖြင့် မည်သို့ယူဆ သုံးသပ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင်

 

၎င်းတို့အဖွဲ့များအပေါ်တွင်သာ မူတည်ကြောင်း၊ မိမိတို့အနေဖြင့် ဆွေးနွေးမည်ဟု လမ်းဖွင့်ပေးထားပြီး ဖြစ်ကြောင်း၊ ဆွေးနွေးရန် နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှုအပေါ် ၎င်းတို့အဖွဲ့ကိုယ်တိုင် မလာခြင်းသည် ၎င်းတို့၏ ရွေးချယ်မှုသာဖြစ်ကြောင်း၊ မိမိတို့နှင့်မသက်ဆိုင်ကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ပြောကြားထားပြီး ဖြစ်ကြောင်း၊ ဆွေးနွေးမည့် နေရာကိုလည်း တစ်နေရာတည်း လျာထား သတ်မှတ်ထားခြင်း မဟုတ်ကြောင်း၊ ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲတွင်လည်း ပြောကြားထားပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ ရွေးချယ်မှုသာဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

 

7Day သတင်းဌာနမှ သတင်းထောက်ရဲနိုင်

 

ဆက်စပ်ပြီး AA ကိုယ်စားလှယ်များ လာရောက်ရာတွင် အာမခံလုံခြုံရေး စိုးရိမ်စိတ် ရှိသည့်အပေါ် တပ်မတော်အနေဖြင့် မည်သို့အာမခံချက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားရာတွင်

 

တပ်မတော်သည် စနစ်တကျ ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အခြားအဖွဲ့များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ပြောကြားမှုသည် AA အဖွဲ့၏ အကြောင်းပြချက်သာ ဖြစ်သည်ဟု ယူဆပါကြောင်း ဖြေကြားခဲ့ပါသည်။

 

ဗိုလ်ချုပ်ထွန်းထွန်းညီကဖြေကြားရာတွင်

 

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ယခင်သတင်းစာရှင်းလင်းပွဲ တွေမှာလည်း အမြဲပြောခဲ့ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်လည်း ပြောခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ပါဝင်ဆောင်ရွက်နေသည့် သူများကလည်း ပြောခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေးကို ကမ်းလှမ်းထားရှိပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး ကြိုဆိုဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ၎င်းအပေါ်တွင်လည်း မျှော်လင့်ချက်အများကြီးထားရှိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးသည် တစ်တိုင်းတစ်ပြည်လုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ကြောင်း၊ တပ်မတော်တစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ကြောင်း၊ အားလုံးနှင့်သက်ဆိုင်သည့် ကိစ္စဖြစ်ကြောင်း၊ မငြိမ်းချမ်းလို့ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း၊ ဒုက္ခတွေ အများကြီးရောက်ကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်သွားနိုင်ကြဖို့ စိတ်ရှည်သည်းခံစွာ အစွမ်းကုန်ဆောင်ရွက်သွားဖို့ဖြစ်ကြောင်း၊ စိတ်ရှည်သည်းခံသည့်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့် စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ဘယ်လိုအဟန့်အတားမှ မရှိနိုင်ဘူးဆိုတာ ယုံကြည်မျှော်လင့်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ဝန်ထုပ်ဝန်ပိုး ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် တခြားသောအန္တရာယ်များ IS စသည်ဖြင့် အကြမ်းဖက်ကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ National Security အတွက် ဘက်ပေါင်းစုံမှ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ လုပ်ငန်းတွေအများကြီးရှိကြောင်း၊ ၎င်းလုပ်ငန်းတွေအပေါ်တွင် ပိုမိုအဆင်ပြေစေရန် ငြိမ်းချမ်းရေးကို တပ်မတော်က တကယ်ကိုလိုလိုလားလားနဲ့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော်ကလုပ်လို့ ငြိမ်းချမ်းရေး ပျက်စီးတယ် ပျက်စီးတယ်၊ ဆက်မသွားနိုင်ဘူး၊ ငြိမ်းချမ်းရေး မတိုးနိုင်ဘူး အခြေအနေမျိုးဆိုတာ အားလုံးစဉ်းစားကြည့်ဖို့လိုကြောင်း၊ ဖြစ်နိုင်လား၊ မဖြစ်နိုင်လား၊ ဟုတ်လား၊ မဟုတ်လား၊ တကယ့်စိတ်ရင်းစေတနာ အမှန်နဲ့ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ ကြိုဆိုပါတယ် ဆိုတဲ့အကြာင်း ပြောလိုကြောင်း၊ နောက်တစ်ချက်ကတော့ AA ကိစ္စနဲ့ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးချင်ပါသည်ဟု စပြီးကမ်းလှမ်းခြင်းသည် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ထဲက သုံးဖွဲ့ဖြစ်ကြောင်း၊ ၎င်းတို့က ကြေညာချက်ထုတ်ပြီး ကမ်းလှမ်းလာသည့်အတွက် ကျွန်တော်တို့ကလည်း တပ်မတော်သမိုင်းကြောင်း တစ်လျှောက်မှာ ဘယ်တုန်းကမှ မရှိခဲ့သည့်တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ကြောင်း၊ ယခုဆိုလျှင်Extension အနေဖြင့် ဆက်လက်လမ်းဖွင့်ပေးထားပြီး ငြိမ်းချမ်းရေးကမ်းလှမ်းထားကြောင်း၊ ၎င်းအပေါ်တွင် အခွင့်ကောင်းယူပြီး မလုပ်ကြရန် နှင့် စည်းနဲ့ကမ်းနဲ့စနစ်တကျ ဖြစ်ဖို့လိုကြောင်း၊ ကိုယ်လုပ်ချင်တာကို လက်နက်ကိုင်ပြီး တောင်းဆိုဖို့၊ လက်နက်ကိုင်ပြီးဆောင်ရွက်ဖို့ဆိုသည်ကတော့ ဒီမိုကရေစီနှင့်လုံးလုံး မကိုက်ညီကြောင်း၊ မကိုက်ညီသည့်အတွက် နိုင်ငံရေးအရ လိုအပ်သည့်ညှိနှိုင်းမှုတွေ၊ ဆွေးနွေးမှုတွေ၊ ဆောင်ရွက်မှုတွေလုပ်နိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကို သွားရမည်ဖြစ်သည့်အတွက် ၎င်းအပေါ်တွင် လမ်းခင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်များကို လိုက်နာခြင်းလည်း မရှိကြောင်း၊ ၎င်းအပြင် ရခိုင်ပြည်နယ်တွင် အန္တရာယ်များလွန်းသည့် အခြေအနေဖြစ်ကြောင်း၊ ယခင်သတင်းစာရှင်းလင်းပွဲများတွင် ပြောခဲ့ပြီး ဖြစ်ကြောင်း၊ အန္တရာယ်များသည့် အခြေအနေဆိုသည်မှာ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်ပအန္တရာယ်တွေ ရှိကြောင်း၊ AA ၏လုပ်ရပ်မှာ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်ကိုပြန်ကြည့်လျှင် ဆရာတော်၏ သတင်းကြားရသည်မှာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ အင်မတန်မှ စိတ်ထားနိမ့်ကျသည့် လုပ်ရပ်မျိုးဖြစ်ကြောင်း၊ သံဃာကို လူဝတ်လဲပြီး အမျိုးသမီးဖြင့် လက်ထပ်စာချုပ်အား အတင်းရိုက်နှက်ပြီး ဆောင်ရွက်ခိုင်းသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ၎င်းအပြင် ပြီးခဲ့သည့်သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည့် ရခိုင်ဒေသတွင် ရခိုင်တိုင်းရင်းသားတွေ၏ အမွေအနှစ်များစွာ ရှိကြောင်း၊ အလားတူနိုင်ငံတော်အတွက်လည်း ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သမိုင်းဆိုင်ရာ အမွေအနှစ်တွေ အများကြီးရှိပါကြောင်း၊ ဒီဒေသအပေါ်မှာ အခွင့်ကောင်းယူပြီး ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်အောင်၊ ထိုမှတစ်ဆင့်တက်ပြီး လူမျိုးရေးပဋိပက္ခ အသွင်သဏ္ဌာန်မျိုး ဖြစ်အောင် ဆောင်ရွက်နေသည်များကို အားပေးအားမြှောက်လုပ်နေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ရှိကြောင်း၊ မည်ကဲ့သို့ ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည်ကို စဉ်းစားကြရန်လိုပါကြောင်း၊ ''လုပ်သင့်လား၊မလုပ်သင့်ဘူးလား'' ''အားပေးအားမြှောက် လုပ်သင့်လား၊ မလုပ်သင့်ဘူးလား'' ဆိုတာကိုဖြစ်ကြောင်း၊ လိုင်ဇာတွင် KIA ၏ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်လာပြီး ၎င်းတို့မှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသည့်အပေါ် ဗိုလ်ချုပ်စိုးနိုင်ဦး ပြောခဲ့သည့် အခြေအနေတွေအပေါ်မှာ လိုက်ပါလုပ်ဆောင်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

 

ဒီမိုကရေစီတူဒေးသတင်းဌာနမှ သတင်းထောက် မောင်ပိုင်

 

လက်ရှိတပ်မတော်အနေနဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းမျိုးဆက်တို့ စသည့် အမှုများမည်မျှ ရှိကြောင်း၊ မည်သို့ဆောင်ရွက်နေတာကို သိလိုကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင်

 

ပထမဆုံးအနေဖြင့် ကျွန်တော်တို့ တပ်မတော်အနေနဲ့ မီဒီယာပေါ်မှာ တရားစွဲဆိုထားသည့် အမှုတွေနဲ့ပတ်သက်ပြီး မဏ္ဍိုင်ကြီး(၄)ရပ် ဆွေးနွေးပွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ပြောကြားခဲ့ကြောင်း၊ ထိုသို့ပြောကြားတဲ့နေရာမှာ သမိုင်းကြောင်း၊ တရားဥပဒေအကြောင်း၊ အကြောင်းခြင်းရာတို့ဖြင့် ပြောကြားမည်ဖြစ်ကြောင်း၊ ရှင်းရှင်းလင်းလင်းသိစေလိုကြောင်း၊ ပထမဆုံးသမိုင်းကြောင်းတွင် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တပ်မတော်မှ မီဒီယာများကို တရားစွဲဆိုခြင်း ဆိုသည်မှာ ယနေ့ခေတ်တွင်သာမဟုတ်ဘဲ လွတ်လပ်ရေးရပြီးစအချိန် ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းမှ ပါလီမန်ဒီမိုကရေစီခေတ်၊ ၁၉၅၈ ခုနှစ်မတိုင်ခင်ထိ တရားစွဲဆိုမှု တော်တော်များများရှိခဲ့ကြောင်း၊ ကိုလိုနီခေတ်တွင်လည်း တရားစွဲဆိုမှု တော်တော်များများ ရှိခဲ့ကြောင်း၊ မီဒီယာအချင်းချင်း တရားစွဲဆိုမှုများရှိကြောင်း၊ မီဒီယာအချင်းချင်း တရားပြန်စွဲတယ်ဆိုတာက ကျွန်တော်တို့ သတင်းစာ တော့ မမှတ်မိတော့ကြောင်း၊ အဲဒီတုန်းက ဦးလောရုံနဲ့ ပတ်သက်ပြီးတော့ သတင်းစာ၊ ဗန္ဓုလသတင်းစာရယ် ဦးလောရုံသတင်းစာရယ် အချင်းချင်းပြန်ဖြစ်ကြကြောင်း၊ မီဒီယာအချင်းချင်းပြန်တရားစွဲကြောင်း၊ The Nation သတင်းစာဖြစ်ကြောင်း၊ မီဒီယာများနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ စီရင်ထုံးတစ်ခုရှိကြောင်း၊ မြန်မာနိုင်ငံရဲ့ တရားဥပဒေစနစ်က ပုဒ်မတွေနဲ့တင် ဆုံးဖြတ်တာ မဟုတ်ကြောင်း၊ စီရင်ထုံးတွေနဲ့ ဆုံးဖြတ်တာဖြစ်ကြောင်း၊ မှတ်မှတ်သားသား စီရင်ထုံးတွေရှိခဲ့ကြောင်း၊ စီရင်ထုံးတစ်ခုထဲတွင် ''သတင်းဂျာနယ်လစ်များ၏ အခွင့်အရေးမှာ သာမန်ပြည်သူများ၏ အခွင့်အရေးထက်မပို အမှန်အတိုင်းဆိုလျှင် သတင်းဂျာနယ်လစ်များ၏ ပြောဆို ရေးသားချက်သည် သာမန်ပြည်သူထက် ပိုမိုထိမိသဖြင့် သတိကြီးစွာထားပြီး သဘောရိုးဖြင့် ပြုလုပ်ကြောင်း ပေါ်လွင်မှသာ ပုဒ်မ ၄၉၉ ကင်းလွတ်ခြင်းဖြင့် အကျုံးဝင်''ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ ပုဒ်မ ၄၉၉ တွင် ကင်းလွတ်ခွင့် ၁ဝ ချက်ရှိကြောင်း၊ ၎င်းကင်းလွတ်ချက်တွေကို တရားသူကြီးမှ မပေးခဲ့ကြောင်း၊ မီဒီယာကျင့်ဝတ်ထဲတွင်လည်း ပါပြီးသားဖြစ်ကြောင်း၊ ဘယ်လိုပဲပြောပြော မီဒီယာများရဲ့စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်ထဲမှာ သူ့ရဲ့ပြောဆိုမှုတွေသည် သာမန်ပြည်သူရဲ့ပြောဆိုမှုထက် ထိမိတယ်။ ထိလွယ်ရှလွယ်လည်းဖြစ်ကြောင်း၊ ဒါကြောင့် သဘောရိုးဖြင့် ပြုလုပ်ဖို့ တိုက်တွန်းထားတာကို ကျွန်တော်တို့တွေ့ရကြောင်း၊ ယနေ့ခေတ်မှာ ကျွန်တော်တို့ ပြောကြတယ်။ မီဒီယာကို တရားစွဲဆိုမှုပေါ့၊ ကျွန်တော့်ရဲ့ စာရင်းဇယား မဟုတ်ဘူး၊ တပ်မတော်က ပြုစုထားတဲ့ စာရင်းဇယားမဟုတ်ဘူး၊ မီဒီယာတစ်ခုဖြစ်တဲ့ ''အသံမီဒီယာ''က စုစည်းထားတာ ၃၁ မှုရှိကြောင်း၊ ဧပြီလအထိ လချုပ်ဖြစ်ကြောင်း၊ တပ်မတော်က တရားစွဲဆိုထားတာ လေးမှုပဲရှိကြောင်း၊ အစိုးရနဲ့ အစိုးရ ဝန်ထမ်းများက စွဲဆိုထားတာ ၁၈ မှုရှိကြောင်း၊ တပ်မတော်က လေးမှုသာရှိကြောင်း၊ လေးမှုဆိုတာ နောက်ထပ်တရားစွဲဆိုတာက တစ်မှုနှစ်မှုပဲရှိကြောင်း၊ ဧပြီလအထိ အဲဒီလို တရားစွဲဆိုတာကို ၁ဝ ရာခိုင်နှုန်းကျော် မပြည့်ဘဲနဲ့ တရားစွဲဆိုတာကို ဘာကြောင့်ပုံကြီးချဲ့နေတာကို စဉ်းစားလို့မရကြောင်း၊ အခြားတရားစွဲဆိုတာ ၁၈ ခုရှိပြီး ဘာသံမှလည်း မထွက်ကြောင်း၊ တပ်မတော်က တရားစွဲဆိုထားတဲ့ Media များရဲ့သတင်းများ၊ ဆောင်းပါးများကို ဖတ်ကြည့်လိုက်ပါက ဘာကြောင့်တရားစွဲ ဆိုထားသည်ကို တွေ့နိုင်ကြောင်း၊ မျှမျှတတ ဝေဖန်ထားတယ်၊ ဟိုဘက်နဲ့ဒီဘက် နှိုင်းယှဉ်ပြီးတော့ ဝေဖန်ထားတယ်ဆိုရင် ကျွန်တော်တို့ ဘာမှမပြောလိုကြောင်း၊ လုံးဝတစ်ဖက်သတ်ပဲ လုပ်ထားတယ်ဆိုတာကြောင့်မို့လို့

 

တရားစွဲဆိုခြင်း ဖြစ်ပါကြောင်း၊ နောက်တစ်ခုက ခုနပြောတဲ့ဒေါင်းတို့မျိုးဆက်တို့နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ခဏခဏ ပြောကြောင်း၊ ပုဒ်မ ၅ဝ၅ (ခ)မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုတာ စကားလုံးတစ်လုံးမှ မပါကြောင်း၊ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်RFA (သို့) DVB မီဒီယာအနေဖြင့် ဒီဘိတ်မှ ကျွန်တော့်ကိုလှမ်းပြီး ဖုန်းနဲ့မေးလို့ ပြောလိုက်ခဲ့ဖူးတာရှိကြောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတာ တစ်ခုမှပါတာလည်း ကျွန်တော်မတွေ့ရကြောင်း၊ ပုဒ်မ ၅ဝ၅(ခ) ရဲ့ အနှစ်သာရမှာ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ဖြစ်စေ၊ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်လာအောင် အများပြည်သူပေါ်သော်လည်းကောင်း၊ အများပြည်သူများ၏ သီးခြားလူထုကိုသော်လည်းကောင်း ကြောက်ခြင်း လန့်ခြင်း ထိတ်လန့်ခြင်းဖြစ်စေရန် အကြံရှိလျှင် ထိုသို့ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင်ဆိုတာသာ ဖော်ပြထားပြီး အကြည်ညိုပျက်မှုဆိုတာ တစ်ခုမှမပါကြောင်း၊ မူရင်းအဓိပ္ပာယ်က အများပြည်သူအကျိုးပျက်စီးစေမှု Public Mischief ဖြစ်ပြီး Penal Code အခန်း ၂၂ မှာပါကြောင်း၊ အဲဒီထဲက ပုဒ်မ ၁၂၄ ကမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုလို့ ခေါင်းစဉ်တပ်လို့ရတာဖြစ်ကြောင်း၊ ပုဒ်မ ၁၂၄ ဆိုတာ မည်သူကို တရားစွဲလဲဆိုတာ မီဒီယာများသိပြီးသား Penal Code ထဲမှာ မည်သူ့ကိုမှ မဆိုလိုပါကြောင်း၊ မည်သူမဆို ဘယ်သူ့ခွင့်ပြုချက်မှယူစရာမလိုကြောင်း၊ နိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇ မှာ နိုင်ငံသားတိုင်းသည် ဥပဒေရဲ့အကာအကွယ်ကို တန်းတူညီမျှ ရယူပိုင်ခွင့်ရှိကြောင်း၊ ခင်ဗျားတို့သည်လည်း ဥပဒေရဲ့အကာအကွယ်ကို ရယူပိုင်ခွင့်ရှိကြောင်း၊ ကျွန်တော်သည်လည်း ဥပဒေရဲ့ အကာအကွယ်ကို ရယူပိုင်ခွင့်ရှိပါကြောင်း၊ အကုန်လုံးသည် ရယူပိုင်ခွင့်ရှိပါကြောင်း၊ ကျွန်တော်တို့ အနေနဲ့ နစ်နာတဲ့သူ အနေနဲ့ကတော့ တရားစွဲဆိုမှာ ဖြစ်ပါကြောင်း၊ မီဒီယာများပဲဖြစ်ဖြစ် ဖျော်ဖြေရေး Entertainment ပဲဖြစ်ဖြစ် သာမန်ပြည်သူတွေ ပြောတာထက် ထိရောက်တဲ့ အတွက်ကြောင့် သာမန်ပြည်သူတွေရဲ့စိတ်ထဲမှာ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့က မဟုတ်တာတွေကို ကာကွယ်တားဆီးရမှာပဲဖြစ်ပါကြောင်း၊ အဖွဲ့အစည်းတစ်ခုရဲ့ဂုဏ်သိက္ခာ၊ လူတစ်ဦးရဲ့ဂုဏ်သိက္ခာ ကျွန်တော်တို့သည်လည်း တပ်မတော်အနေနဲ့ တပ်မတော် အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး တပ်မတော်ရဲ့ဂုဏ်သိက္ခာဥပဒေရဲ့အကာအကွယ်ကို ရယူပိုင်ခွင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဒီမိုကရေစီတူဒေးသတင်းဌာနမှ သတင်းထောက်မောင်ပိုင်

 

ကျွန်တော်တို့နောက်မေးခွန်းလေးတစ်ခု မေးချင်ကြောင်း၊ ထိုင်းဘုရင့်ရဲ့အကြံပေးကောင်စီဥက္ကဋ္ဌ ဈာပနမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဝမ်းနည်းကြောင်းလက်မှတ်သွားထိုးခဲ့ကြောင်း၊ ထိုင်းဘုရင့်ကောင်စီဥက္ကဋ္ဌ ဈာပနမှာ သမ္မတတို့၊ အတိုင်ပင်ခံတို့မသွားဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်ရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ကို ရှင်းပြပေးစေလိုကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားရာတွင်

 

ထိုင်းနိုင်ငံက ကြည်းတပ်ဦးစီးချုပ်ဟောင်း ဝန်ကြီးချုပ်ဟောင်း General Prem Tinsulanonda သည် ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံရဲ့လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ်မှာ သူ့ရဲ့ဆောင်ရွက်ချက်တွေ အများကြီးရှိကြောင်း၊ တပ်မတော်သား တစ်ဦးအနေနဲ့ ရောနိုင်ငံရေးအရပါ Privy Council ဆိုတာ သူတို့နိုင်ငံရေးစနစ်အရ နိုင်ငံရေးကို ထိန်းကျောင်းပြီးတော့မှ ဆောင်ရွက်တဲ့ အဖွဲ့အစည်း အင်မတန်အမြင့်ဆုံးဖြစ်ပါကြောင်း၊ Privy Council  ဥက္ကဋ္ဌအဖြစ် နောက်ဆုံးအချိန်ထိ တာဝန်ထမ်းဆောင်သွားတဲ့ပုဂ္ဂိုလ် ဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်လည်း အိမ်နီးချင်း နိုင်ငံတွေ နိုင်ငံတကာဆက်ဆံရေးတွေ ကောင်းအောင် ဆောင်ရွက်နေကြောင်း၊ ကျွန်တော်တို့ ခိုင်မာတဲ့ အင်စတီကျူးရှင်း တစ်ရပ်အနေနဲ့ နိုင်ငံတိုင်းမှာလည်း တပ်မတော်ရှိကြောင်း၊ တပ်မတော်ရှိတဲ့အတွက် တပ်မတော်ချင်း ဆက်ဆံမှုတွေ တပ်မတော်ချင်းချစ်ကြည်ရင်းနှီးမှုတွေကနေပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အများကြီး တိုးမြှင့်ပေးနိုင်ကြောင်း၊ ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း နှစ်နိုင်ငံချစ်ကြည်ရေး တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးဆောင်ရွက်မှုတွေ အမြဲတမ်းဆောင်ရွက်နေကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေအားလုံးနှင့် ကျွန်တော်တို့ဆောင်ရွက်နေကြောင်း၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရလဒ်တွေအများကြီးရှိကြောင်း၊ ဥပမာအားဖြင့် ကျွန်တော်တို့ ပြည်တွင်းလက်နက်ကိုင် ပြဿနာတွေ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အများကြီးသက်ဆိုင်ကြောင်း၊ အားလုံးလည်း ခန့်မှန်းမိမှာဖြစ်ကြောင်း၊ ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှု အများကြီး လိုအပ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ဆက်ဆံရေး၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျွန်တော်တို့ရဲ့ချစ်ကြည်ရေး အများကြီး ကောင်းမွန်ဖို့ လိုအပ်ကြောင်း၊ အဲလိုကောင်းမွန်ဖို့ လိုအပ်တာ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အကောင်းဆုံး အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ဆက်ဆံရေးတွေကောင်းအောင် လုပ်နေကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူရတဲ့ အချိန်ကစပြီး အခုနောက်ပိုင်းမှာဆိုလို့ရှိရင် International Relationsတွေအရမ်းများလာကြောင်း၊ ရေတပ်ဆိုင်ရာ၊ လေတပ်ဆိုင်ရာ တပ်မတော်အဆင့်အတန်းအလိုက် ချစ်ကြည်ရေးခရီးတွေ များစွာရှိကြောင်း၊ တပ်မတော်ချင်းချစ်ကြည်ရင်းနှီးမှုတွေ ခိုင်မာတဲ့အချိန်မှာ နှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို အများကြီးအထောက်အကူပေးနိုင်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ် ပြဿနာတွေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ပြဿနာတွေ၊ Boundary  မှာရှိနေတဲ့ ပြဿနာအားလုံးကို ချစ်ကြည်ရင်းနှီးမှု ကနေတစ်ဆင့် ပြေလည်အောင်ဖြေရှင်းလို့ရတဲ့ အခြေအနေအများကြီးရှိကြောင်း၊ ကျွန်တော်တို့တပ်မတော်ချင်းရင်းနှီးမှု ကနေတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တွေရအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဗိုလ်ချုပ်ကြီးပရမ်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ ခုမှတွေ့တာ မဟုတ်ပါကြောင်း၊ ၂ဝ၁၁၊ ၂ဝ၁၂ လောက်မှာတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာ တကယ့်ကို စစ်သားချင်းတွေ့ကြောင်း၊ ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံပေါ်မှာ တာဝန်ယူထားတဲ့၊ တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ်တစ်ယောက် အနေနဲ့ရော၊ တပ်မတော်သားအကြီးအကဲ တစ်ယောက်အနေနဲ့ရော ပြီးရင် ကျွန်တော်တို့ ခုနကပြောတဲ့ တပ်မတော်ချင်းကိစ္စတွေ သာမက နိုင်ငံရေးအတွေ့အကြုံတွေရော ဒီအပေါ်မှာ အတွေ့အကြုံ အများကြီးရကြောင်း၊ နောက်ပြီးတော့ အသက်အရွယ်ဖြစ်ကြောင်း၊ အသက်အရွယ်ပိုင်းအားဖြင့်လည်း ကျွန်တော်သိရသလောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖခင်နဲ့ဆိုရင် ဗိုလ်ချုပ်ကြီးပရမ်က နှစ်နှစ်လောက်ကွာမယ် ထင်ကြောင်း၊ သူကခုနပြောသလို ဖခင်အရွယ်ဖြစ်ကြောင်း၊ ဖခင်အရွယ်ဖြစ်တဲ့အချိန်မှာ တပ်မတော်သားချင်း ဖြစ်တဲ့အတွက် စီနီယာလည်းဖြစ်၊ တွေ့ကြတဲ့အချိန်မှာ ဗိုလ်ချုပ်ကြီးပရမ်ကလည်း လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ကြိုဆိုကြောင်း၊ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးခင်မင်မှုများစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာရှိကြောင်း၊ ပြီးရင် နှစ်နိုင်ငံ အခြေအနေတွေပေါ်မှာ တပ်မတော်ရဲ့ဆောင်ရွက်ချက်တွေ အများကြီး အရေးကြီးကြောင်း၊ ဒီလိုဆောင်ရွက်တဲ့ အချိန်မှာ ဆောင်ရွက်နိုင်အောင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုးစားနေကြောင်း၊ ကြိုးစားခဲ့ကြောင်း၊ ဒီအပေါ်မှာ သူက အသိအမှတ်ပြုကြောင်း၊ ပြီးရင် သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးကြောင်း၊ မျှဝေပေးတဲ့အပေါ်မှာ ခုနကပုဂ္ဂိုလ်ရေး သံယောဇဉ်တွေ ပိုပြီးတော့ရှိခဲ့ကြောင်း၊ ဒီအပေါ်မှာ မူတည်ပြီးတော့မှ တပ်မတော်ချင်း ဆက်ဆံရေးတွေ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွေ နှစ်နိုင်ငံကြား အများကြီး တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျွန်တော်တို့ အခြားသောနိုင်ငံချင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေနဲ့တောင် မတူဘဲ ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ဆက်ဆံရေးတွေ ကောင်းမွန်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံကြားမှာ ရှိနေတဲ့ နယ်နိမိတ် တစ်လျှောက်လည်း ငြိမ်းချမ်းရေးတွေ ရရှိနေကြောင်း၊ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်နိုင်ကြောင်း၊ ပြီးလို့ရှိရင် နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်ရတဲ့ နယ်နိမိတ်ကိစ္စတွေပြီးရင် ကျွန်တော်ဟိုဘက်မှာ သွားပြီးတော့ အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ အလုပ်သမားကိစ္စ တွေရှိကြောင်း၊ နောက်ပြီးရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွေ အများကြီးကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ဟာ ညီအစ်ကိုချင်းရင်းနှီးမှု အဆင့်လိုက် အဆင့်လိုက် ချစ်ကြည်ရေးခရီးတွေ သွားနေကြောင်း၊ အခြားအဆင့်တွေတောင် ကျွန်တော်တို့ လွှတ်ပေးနေကြောင်း၊ ပြီးရင် ခုနကအောက်ခြေမှာ Boundary မှာလည်း အောက်ခြေတပ်ဖွဲ့ငယ် အဆင့်ကနေ စပြီးတော့ တပ်မတော်ခေါင်းဆောင်တွေ အဆင့်ထိ အဆင့်ဆင့်ကို ချစ်ကြည်ရင်းနှီးမှုတွေ တည်ဆောက်နိုင်ခဲ့တဲ့အတွက် အကျိုးရလဒ်ပေါင်းများစွာ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာရှိကြောင်း၊ ဒီအပေါ်မှာလည်း ခင်မင်ရင်းနှီးမှုတွေပိုပြီးတော့ရရှိခဲ့တဲ့အတွက် ဒီပုဂ္ဂိုလ်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပေါ်မှာ အလေးထားပါကြောင်း၊ ပြီးတော့ သားအဖချင်းဆက်ဆံရေးလိုပဲ ခင်မင်ရင်းနှီးမှုတွေရှိတဲ့ အတွက်ကြောင့်မို့ ကွယ်လွန်တဲ့အချိန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သွားပြီးတော့ ဂါရဝပြုသွားရောက်ပြီး ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးပရမ်နှင့်သာမက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိုင်းတပ်မတော်ဦးစီးချုပ်တွေ၊ သူတို့ဦးစီးချုပ်တွေက ဒီအစဉ်အဆက်ဦးစီးချုပ်တွေရှိပါကြောင်း၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်ဦးစီးချုပ်တွေ၊ အခြားအဆင့်တွေကြားထဲမှာရော ခင်မင်ရင်းနှီးမှုက သာမန်နဲ့မတူတဲ့ စစ်သားချင်းခင်မင်ရင်းနှီးမှု ရှိတယ်ဆိုတာကို တင်ပြလိုပါကြောင်း၊ ဒီလောက်ဆိုရင် သူသွားရတဲ့အကြောင်း သဘောပေါက်မယ်ထင်ပါကြောင်း၊ ရှစ်ကြိမ်လောက်တွေ့ဆုံခဲ့တဲ့ အနေအထားမျိုးဖြစ်ပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ဗိုလ်ချုပ်ကြီးပရမ်နဲ့ ရှစ်ကြိမ်လောက် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံသို့ သွားတိုင်းတွေ့ပါကြောင်း၊ သူကအမြဲတမ်းလည်း ခေါ်ပါ

 

ကြောင်း၊ ဒါဟာကျွန်တော်တို့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ကို များစွာ အထောက်အကူပြု နိုင်တဲ့ အခြေအနေဖြစ်တယ်ဆိုတဲ့အကြောင်း ဖြည့်စွက် တင်ပြလိုပါကြောင်း ဖြေကြားခဲ့ပါသည်။

 

မြန်မာတိုင်းမ် သတင်းဌာနမှ သတင်းထောက် ဦးထူးသန့်

 

စောစောက ''ဝ''နဲ့ ပတ်သက်ပြီးတော့ ''ဝ''က ယှဉ်ပြိုင်အစိုးရတို့၊ ယှဉ်ပြိုင်တပ်မတော်လို ဆောင်ရွက်လာတယ်ဆိုပြီး ပြောခဲ့ကြောင်း၊ ''ဝ'' အပေါ်မှ အတတ်နိုင်ဆုံး သည်းခံနေတယ်လို့ ပြောကြောင်း၊ ဘယ်လောက်ထိ သည်းခံနိုင်တဲ့ အခြေအနေရှိလဲ၊ ''ဝ''ကိုရော ခြိမ်းခြောက်မှုတစ်ခုလို့ မြင်လားဆိုတာ သိရှိလိုပါကြောင်း၊ တစ်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ဒီအင်းဒင်ကိစ္စမှာပါတဲ့ တပ်မတော်သား ခုနစ်ယောက်လွတ်တဲ့ကိစ္စ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မဟုတ်ဘူးဆိုတဲ့ အချက်အပေါ်မှာ ရှင်းလင်းပြောကြား ပေးစေလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားရာတွင်

 

တပ်မတော်သားအနေနဲ့တော့ ''ဝ''နဲ့ ပတ်သက်လို့ ဒါအစွမ်းကုန် သည်းခံထားပြီး ဖြစ်တယ်လို့ ပြောထားပါကြောင်း ဖြေကြားခဲ့ပါသည်။

 

မြန်မာတိုင်းမ် ဦးထူးသန့်

 

ပြောရရင်တော့ ဘယ်လောက်ထိ သည်းခံနိုင်မှုရှိမလဲ ဆိုတာ သိလိုတာဖြစ်ကြောင်း ထပ်မံမေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားရာတွင် မြန်မာစကားမှာ သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုအထိပဲ ရှိမှာဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားခဲ့ပါသည်။

 

မြန်မာတိုင်းမ်သတင်းဌာနမှ သတင်းထောက် ဦးထူးသန့်

 

ကန့်ကွက်တာတို့၊ ဘာတို့မလုပ်ခဲ့ဘူး၊ ငြိမ်နေတာကို အားမရတာဖြစ်ကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားရာတွင်

 

ငြိမ်နေတာမဟုတ်ကြောင်း၊ ကျွန်တော်တို့ သွားလည်းမတက်ကြောင်း၊ တစ်ခုပဲရှိကြောင်း၊ တပ်မတော်က ငြိမ်းချမ်းရေးကို လိုချင်၍ တချို့ဟာလေးတွေမှာ အစွမ်းကုန် သည်းခံနေတာ ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

 

မြန်မာတိုင်းမ်သတင်းဌာနမှ သတင်းထောက်ဦးထူးသန့်

 

နောက်မေးခွန်းတစ်ခုပါ။ အင်းဒင်ကိစ္စမှာ ပါဝင်သွားတဲ့ တပ်မတော်သားခုနစ်ယောက်ကို လွှတ်ပေးတဲ့ကိစ္စပါ။ ဒီဘက်က တပ်မတော်ဘက်ကပြန်ပြီးတော့ ရှင်းလင်းပြောကြားစေချင်ကြောင်း မေးမြန်းခဲ့ပါသည်။

 

ဗိုလ်ချုပ်ထွန်းထွန်းညီကပြောကြားရာတွင်

 

နိုင်ငံတော်ရဲ့ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ဥပဒေချုပ်ရုံးက စစ်ဥပဒေဌာနက ဗိုလ်မှူးကြီးအောင်ခင်သိန်းက ဥပဒေနဲ့ပတ်သက်ပြီး ရှင်းပြသွားပြီး ဖြစ်ကြောင်း၊ ဒီပေါ်မှာ ပြစ်မှု၊ ပြစ်ဒဏ်၊ အကျဉ်းထောင်ရဲ့ Definition ကို တချို့က စာရိတ္တပြုပြင်ရေးဌာနလို့ ပြောကြပါကြောင်း၊ လူတစ်ယောက်ကို ချုပ်နှောင်ထားတာ မဟုတ်ကြောင်း၊ မလှုပ်နိုင်အောင် ချုပ်နှောင်ထားတာ မဟုတ်ကြောင်း၊ သူ့ကို ကန့်သတ်ပြီးတော့မှ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ်မှာ နောင်ပြစ်မှုကျူးလွန်ခြင်း မရှိအောင် သူ့ရဲ့ Mind-Se တွေကို ပြုပြင်ပေးခြင်းသာ ဖြစ်ကြောင်း၊ အကျဉ်းထောင်ရဲ့ လုပ်ငန်းစဉ်တွေ၊ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ နေ့စဉ်ဆောင်ရွက်ရကြောင်း၊ အဓိကကတော့ထိန်းသိမ်းထားတာ ဖြစ်ပါကြောင်း၊ ထိန်းသိမ်းပြီးတော့မှ Resurrection လို့ ခေါ်ကြမယ်ထင်ကြောင်း၊ နောက်ပြီးတော့ House of correction လို့လည်း ခေါ်ကြကြောင်း၊ ဆိုလိုတာက လူတွေရဲ့ မကောင်းတဲ့ ဓလေ့စရိုက်တွေ ပျောက်သွားအောင် ဆောင်ရွက်ပြီး ထိန်းသိမ်းပေးတာဖြစ်ကြောင်း၊ ပြစ်ဒဏ်ချရာတွင် တပ်မတော်အက် ဥပဒေအရ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နယ်ဘက်တရားရုံးတွေက ချမှတ်တဲ့ ပြစ်ဒဏ်တွေလိုပဲ အယူခံဝင်ခွင့်လည်း ရှိပါကြောင်း၊ အဲဒီအယူခံဝင်ခွင့်နဲ့ ပတ်သက်ပြီးတော့လည်း ပြစ်ဒဏ်အသီးသီးရဲ့ ကန့်သတ်ချက်တွေရှိပါကြောင်း၊ အတည်ပြု အာဏာပိုင်ဆိုတာ ရှိပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နေပြီးတော့မှ ပြစ်ဒဏ်ကို အတည်ပြုပေးထားတာ အထိရှိပါကြောင်း၊ ပြီးရင်တော့ ချမှတ်ပြီးတဲ့ ပြစ်ဒဏ်အပေါ်မှာ ပြစ်ဒဏ်လျှော့ပေါ့တဲ့ အခြေအနေဟာလည်း အယူခံဝင်တဲ့၊ သနားခံစာတင်တဲ့ အပေါ်မှာ မူတည်ပြီး စဉ်းစားကြောင်း၊ ပြီးရင် သူတို့ပြစ်မှုကျူးလွန်တဲ့ အခြေအနေ တွေအပေါ်မှာလည်း ပြန်ပြီးတော့ စဉ်းစားပါကြောင်း၊ ကျူးလွန်တာကတော့ ကျူးလွန်ပါကြောင်း၊ ပြစ်မှုကျူးလွန်တဲ့ အပေါ်မှာလည်း ပြစ်ဒဏ်ချမှတ်ပါကြောင်း၊ သို့သော်လည်း သူတို့အပေါ်မှာ ပြန်ပြီးတော့ သက်ညှာထောက်ထားရမယ့် အခြေအနေတွေ ရှိကောင်းရှိမည် ဖြစ်ပါကြောင်း၊ လူတိုင်းလူဆိုး မဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်သူတိုင်းလည်း လူဆိုးမဟုတ်ပါကြောင်း၊ ဒီကိစ္စမှာ ပြစ်မှုကျူးလွန်တဲ့သူတွေက ပြစ်မှုကျူးလွန်ခဲ့သည်မှာ မှန်သော်လည်း တာဝန်ထမ်းဆောင်ရင်းနဲ့ ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်တဲ့ အချိန်မှာလည်း အခြားအကြောင်းရင်းတွေ များစွာရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ ထမ်းဆောင်ရင်း၊ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေချိန်မှာ တာဝန်ထမ်းဆောင်ရင်း ဖြစ်ခဲ့တဲ့ အခြေအနေ ဖြစ်ကြောင်း၊ သူတို့ကို ပြစ်ဒဏ် ၁ဝ နှစ် ချမှတ်ခဲ့ကြောင်း၊ ၁ဝ နှစ်ပြစ်ဒဏ်ချမှတ် ခဲ့တာဟာ စစ်ဘက်အကျဉ်းထောင် မဟုတ်ကြောင်း၊ နယ်ဘက်အကျဉ်းထောင် ဖြစ်ကြောင်း၊

 

Read 61 times Last modified on Wednesday, 05 June 2019 10:36