SJ WorldNews - шаблон joomla Авто

အခြေခံပညာကျောင်း ၁၂ ကျောင်းမှ ကျောင်းကားများ ပြေးဆွဲပေးရန် ကမ်းလှမ်းထား

Wednesday, 05 June 2019 10:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း ၁၂ ကျောင်းမှ ကျောင်းကားများ ဝင်ရောက်ပြေးဆွဲပေးရန် ကမ်းလှမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်ညီညီမော်၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့်ပညာသင်နှစ်က နိုင်ငံတော်မှ ဝယ်ယူထားသည့် ကျောင်းကားအစီး၂ဝဝ ထဲမှ ကမာရွတ် TTC နှင့် ရန်ကင်း TTC ကျောင်းတို့၌ အစီး ၆ဝ ပြေးဆွဲပေးခဲ့ပြီး ကျန်ရှိသည့်ကားများကို YRTA ထံ ကမ်းလှမ်းထားသည့် ကျောင်းများနှင့် ချိတ်ဆက်ပြီး ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျောင်းများမှ စီးနင်းမည့် ကျောင်းသားဦးရေကို ကောက်ခံလျက်ရှိရာ ကျောင်းခုနစ်ကျောင်းမှ စီးနင်းမည့် စာရင်းရရှိထားကြောင်း သိရသည်။

''ကျောင်းကားအစီး ၂ဝဝ နဲ့ ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ ယာဉ်မောင်းနဲ့ ယာဉ်အကူအမျိုးသမီးတွေကို ရှေးဦးသူနာပြု သင်တန်းကအစ သင်ကြားပေးထားပါတယ်၊။

လက်ရှိမှာ အစိုးရအဖွဲ့ထံ ကမ်းလှမ်းထားတဲ့ ကျောင်း ၁၂ ကျောင်းရှိပါတယ်။ တချို့ကျောင်းတွေက စီးနင်းမယ့် ကျောင်းသားအရေအတွက်ကို ပေးပို့ထားပါတယ်'' ဟု ဦးအောင်ညီညီမော်က ပြောသည်။

ကျောင်းကားပြေးဆွဲမည့်သူ များအနေဖြင့် School Bus များကို အမှန်တကယ် တင်သွင်းမည်ဆိုပါက တင်သွင်းချိန် သုံးလအချိန် ပေးထားမည်ဖြစ်ပြီး အဆိုပါ သုံးလအတွင်း လက်ရှိကားများဖြင့် ဆက်လက်ပြေးဆွဲ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တင်သွင်းခွင့်ပြုရာတွင် ၂ဝ၁၅ မော်ဒယ်မှ ၂ဝ၁၉ မော်ဒယ်အတွင်း ဘယ်မောင်းယာဉ်များကိုသာ ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း၊ အမှန်တကယ်လုပ်ကိုင်မှုရှိ၊ မရှိကိုလည်း စိစစ်ပြီးမှသာ ခွင့်ပြုပေးပြီး သတ်မှတ်ချက်အတိုင်းသာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း School Bus စနစ် ပြေးဆွဲမည့်ကားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ တခြားလုပ်ငန်းများတွင် ပြောင်းလဲပြေးဆွဲ ခွင့်မပြုကြောင်း သိရသည်။

ကျောင်းကားတင်သွင်းခွင့် မော်ဒယ်သတ်မှတ်ချက်အရ ၂ဝ၁၅ မော်ဒယ်မှ ၂ဝ၁၉ မော်ဒယ်အတွင်း ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကို

Read 51 times Last modified on Wednesday, 05 June 2019 10:37