SJ WorldNews - шаблон joomla Авто

ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရေး ယာဉ်ထိန်းရဲ အင်အား ၃ဝဝ ကျော် အသုံးပြုရန် စီစဉ်ထား

Tuesday, 11 June 2019 10:30 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းတက်၊ ကျောင်းဆင်းချိန်များတွင်  ယာဉ် ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ယာဉ်ထိန်းရဲအင်အား ၃ဝဝ ကျော် အသုံးပြုရန် စီစဉ်ထားကြောင်း   ရန်ကုန်တိုင်း ဒေသကြီး အမှတ်  (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏   ပြောကြားချက်အရ သိရသည်။

မိုးရာသီတွင် ယာဉ်ကြောကျပ်တည်းမှု ပိုမိုဆိုးရွားလေ့ ရှိသောကြောင့်  ကျောင်းသား၊ ကျောင်းသူများ  ကျောင်းတက်၊ ကျောင်းဆင်းချိန်   လမ်းဖြတ်ကူးရာတွင်  စနစ်တကျ ရှိစေရေးနှင့် ယာဉ်အန္တရာယ် မဖြစ်စေရေး အတွက်  ယာဉ်ထိန်းရဲအင်အား ၃ဝဝ ကျော် ဖြင့် ခရိုင်လေးခုရှိ  စာသင်ကျောင်းများ အနီး  တာဝန်ချ ရှင်းလင်းပေးမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်တစ်ခုလျှင် တပ်ဖွဲ့ဝင်အင်အား ၁ဝဝ  နီးပါး ထားရှိမည်ဖြစ်ပြီး  ခရိုင်လေးခု၌ တပ်ဖွဲ့ဝင်အင်အား ၃ဝဝ ကျော်ကို  ထားရှိပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာသင်ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ၊ လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးရန်  အလှည့်ကျ သင်ကြားပေး ခြင်းများ  ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင်  နယ်ကျော်၍ ကျောင်းကြို၊ ကျောင်းပို့  ပြုလုပ်သည့် ယာဉ်များကြောင့်   ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေသေးကြောင်း သိရသည်။ ယခုပညာသင်နှစ်တွင် အခြေခံ ပညာကျောင်းများ၌ နယ်ကျော်၍ ကျောင်းအပ်နှံမှုများကို လက်ခံခြင်း မပြုရန် ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း သိရသည်။ 

Read 23 times Last modified on Tuesday, 11 June 2019 10:31