SJ WorldNews - шаблон joomla Авто

ရန်ကုန် ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေ ဈေးနှုန်းများ မြင့်တက်လာ

Tuesday, 11 June 2019 10:35 font size decrease font size decrease font size increase font size increase font size

ရန်ကုန်ဆောက်လုပ်ရေးပစ္စည်း ဈေးကွက်တွင် ဘိလပ်မြေဈေးနှုန်းများ မြင့်တက်လာ ကြောင်း  ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး ဆိုင်များမှ သိရသည်။

အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ အနေဖြင့်  ဘိလပ်မြေများကို  ထိုင်းနိုင်ငံ ဘက်မှ တင်သွင်း ရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် ရာသီဥတု အခြေအနေကြောင့် ဘိလပ်မြေ တင်ဆောင်သည့် သင်္ဘောအဝင် နည်းနေကာ ဈေးနှုန်း အနည်းငယ်မြင့်တက် နေခြင်းဖြစ်ကြောင်း သိရသည်။

''ဈေးနှုန်းကတော့ ပစ္စည်းအဝင် နည်းလာရင် ငွေကျပ် ၁ဝဝ၊ ၂ဝဝ လောက် ဈေး တက်တယ်။   ဘိလပ်မြေက  သင်္ဘောအဝင် နည်းလာတာကြောင့် ဈေးနည်းနည်း တက်နေတယ်'' ဟု  ဒေါ်ငွေဝင်းနှင့်  သားများ အုတ်၊  သဲ၊  ကျောက်ရောင်းဝယ်ရေးမှ  ကိုသန်းအောင် ကပြောသည်။

လက်ရှိတွင်   မိုးရွာသွန်းမှု များနေခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်နား ထားခြင်းဖြစ်၍    အရောင်းအဝယ်များ အေးနေခြင်းဖြစ်သည်။

ယခင်က    ဘိလပ်မြေတစ်အိတ်လျှင် ငွေကျပ် ၅၅ဝဝ ရှိရာမှ လက်ရှိတွင် ငွေကျပ် ၅၉ဝဝ၊ ငွေကျပ် ၆၅ဝဝ အထိရှိနေကြောင်း သိရသည်။

''ပို့နေကျဆောက်လုပ်ရေး လုပ်ငန်းတွေရှိနေလို့   ပုံမှန်အရောင်းအဝယ်တော့ ရှိနေတယ်။ အိမ်မှာ အသေးစားပြင်ဖို့လောက်ပဲ လာဝယ်တာများတယ်''ဟု မြန်မာ့ဖွံ့ဖြိုးအောင် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးမှ ဦးနေဝင်းအောင် ကပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ  ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်များသည် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သည့် ကန်ထရိုက်တာများ၏ အဆောက်အအုံ ရောင်းထွက်သည့် အပေါ် အားထားပြီး အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရသည်။

Read 19 times Last modified on Tuesday, 11 June 2019 10:36