SJ WorldNews - шаблон joomla Авто

မိုးကောင်း-ရွှေလောင်း-ကမ်းနီ စစ်တောင်းမြစ်ကမ်းထိန်း တာပြုပြင်ပြီးစီး

Tuesday, 11 June 2019 10:50 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီးတောင်ငူမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ မိုးကောင်း-ရွှေလောင်း-ကမ်းနီမြစ်ကမ်းထိန်း တာမှာ ယခင်နှစ်မိုးရာသီတွင်  ရေကြီးရေလျှံမှုကြောင့် နေရာသုံးခု ကျိုးပေါက်သွားခဲ့သဖြင့်  မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက  စက်ယန္တရားများ အသုံးပြု၍ မိုးစပါး စိုက်ပျိုးချိန်အမီ ပြုပြင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသောင်းတင်၏ ပြောကြားချက်အရသိရသည်။

''မနှစ်က မိုးရာသီမှာ စစ်တောင်းမြစ်ရေ ရုတ်တရက်မြင့်တက်လာပြီးတော့ မြစ်ကမ်းထိန်းတာ သုံးနေရာမှာ ကျိုးပြတ်သွားခဲ့တာပါ။

အခုမိုးရာသီအမီ မလုပ်ပေးနိုင်ရင် မြစ်ရေတက်ချိန် ကမ်းနီနဲ့ရွှေလောင်း ကျေးရွာအုပ်စုတွေထဲမှာ မိုးစပါးစိုက်ဧက ၄ဝဝဝ လောက် နစ်မြုပ်ပျက်စီးသွားနိုင်တယ်။  ဒါကြောင့် ကျွန်တော်တို့ဌာန အနေနဲ့ မိုးမကျခင် အချိန်မီနေ့ရောညပါ ဆောင်ရွက်ခဲ့ရတယ်''  ဟု   မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိက ပြောသည်။

အဆိုပါမြစ်ကမ်းထိန်း တာသည် မြစ်ရေမြင့်တက်ခြင်းမှ ကာကွယ်ရန် ကမ်းနီ၊ ညောင်စခန်း၊ ရွှေလောင်းအစရှိသော ကျေးရွာတို့မှ ဒေသခံများက လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ အတွက် တောင်ငူမြို့သို့ အဓိကသွားရာလမ်းကြောင်း အဖြစ် အသုံးပြုလျက်ရှိသောကြောင့် ယခုကဲ့သို့ ကမ်းထိန်း တာပြန်လည်ပြုပြင်သည့် လုပ်ငန်းများ ပြီးစီးသွားသည့်အတွက် ဒေသခံများနှင့် တောင်သူများအတွက် များစွာ အဆင်ပြေလျက် ရှိကြောင်း  သိရှိရသည်။        

Read 19 times Last modified on Tuesday, 11 June 2019 10:50