SJ WorldNews - шаблон joomla Авто

MABC-Myeik စက်ဘီးစီးအဖွဲ့ ထိုင်းနိုင်ငံသို့ စက်ဘီးစီး လည်ပတ်မည်

Tuesday, 11 June 2019 12:22 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ MABC-Myeik စက်ဘီးစီး အသင်းမှ ကြီးမှူး၍ နှစ်နိုင်ငံချစ်ကြည်ရေး အဖြစ် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် မြိတ်မြို့မှ စတင်ထွက်ခွာပြီး ထိုင်းနိုင်ငံ ပရာကျော့မြို့သို့ စက်ဘီးစီး လည်ပတ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အဖြစ် မြိတ်မြို့မှ ရေဖြူကျေးရွာသို့ မော်တော်ယာဉ်ဖြင့် စက်ဘီးများ သယ်ဆောင်ကာ မောတောင်မြို့၊ ရေဖြူ/ထုံခါလမ်းခွဲမှ မောတောင်အထိ ၄၈ မိုင်ခရီးအား စက်ဘီးစီးနင်းသွားမည် ဖြစ်ပြီး စက်ဘီးစီး အဖွဲ့များသည် မောတောင်မြို့နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်ကျော် ခွင့်ပြုလုပ်ကာ ထိုင်းနိုင်ငံပရာကျော့မြို့သို့ ဆက်လက်စီးနင်း၍ ထိုင်းနိုင်ငံ ပရာကျော့မြို့၌ တစ်ညတာ အနားယူ တည်းခိုရပ်နားကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံနယ်စပ် ဆင်ခွန်ဂိတ်တွင် ပရာကျော့(ထိုင်း) စက်ဘီးစီးအဖွဲ့မှ လာရောက်ကြိုဆိုကာ မြန်မာ ပြနငု စက်ဘီးစီးအဖွဲ့နှင့် ပရာကျော့(ထိုင်း) စက်ဘီးစီးအဖွဲ့နှစ်ဖွဲ့ ပူးပေါင်း၍ ချစ်ကြည်ရေးအဖြစ် ပရာကျော့မြို့ကို လည်ပတ် စက်ဘီးစီးနင်းကြမည် ဖြစ်သည်။

အဆိုပါ စက်ဘီးစီးနင်း လိုက်ပါသူများအား အမှတ်တရအင်္ကျီများ အခမဲ့ဝေငှနိုင်ရန် စီစဉ်လျက်ရှိပြီး စက်ဘီးစီး လိုက်ပါလိုသည့် အသင်းဝင်များ အားလုံး ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းကြရန် နှိုးဆော်ထားကြောင်း သိရသည်။

Read 49 times Last modified on Tuesday, 11 June 2019 12:23